လက်တွေက မျက်နှာထက်စာရင် ပိုပြီး အိုမင်းလွယ်ကြပါတယ်။ ဒါပေမယ့် လက်တွေကို သေချာ ထိန်းသိမ်းထားမယ်ဆိုရင်တော့ ဒီလို အိုမင်းမှုကနေ ကာကွယ်နိုင်ပါတယ်။
လက်တွေကို သေချာဂရုတစိုက်ဆေးကြောပါ
- ခဏခဏ ဆပ်ပြာနဲ့ ထိတွေ့တဲ့လက်တွေက စိုစွတ်မှုတွေ မရှိတော့ဘဲ ခြောက်သွေ့ကွဲအက်လာတတ်ပါတယ်။
- ဒါကြောင့် မလိုအပ်ဘဲ Antibacterial ဆပ်ပြာတွေ၊ ရေမွှေးပါတဲ့ ဆပ်ပြာတွေမသုံးပါနဲ့။ သံလွင်ဆီတို့ ရှားစောင်းလက်ပတ်တွေပါတဲ့ ဆပ်ပြာတွေကို သုံးပါ။
- လက်ကို အရမ်းပူတဲ့ရေတွေနဲ့ မဆေးဘဲ ရေနွေးနွေးလေးနဲ့ဘဲ ဆေးပါ။
- လက်အခြောက်ခံစက် Dryers တွေကို မသုံးဘဲ၊ တစ်ရှူးနဲ့ဘဲ သုတ်ပါ။
လက်အိတ် စွပ်ပါ
- ပန်းကန်ဆေးတဲ့အချိန်မှာ အေးခဲတာ၊ ဓာတုပစ္စည်းတွေ ကြောင့်လက်တွေကို ပိုပြီး အိုမင်းစေပါတယ်။ ဒါကြောင့် လက်အိတ်စွပ်ပါ။
- သစ်ပင် ပန်းမန်တွေ စိုက်ပျိုးရာမှာလည်း လက်အိတ်စွပ်သင့်ပါတယ်။
Hand Cream သို့ Lotion လိမ်းပါ
- Hand Cream တချို့ကလည်း ဆပ်ပြာလိုဘဲ ဆိုးကျိုးတွေရှိတာကြောင့် သတိထားပြီး သုံးသင့်ပါတယ်။
- Hand Cream ဒါမှမဟုတ် Lotion ကို တစ်နေ့ကို ၂ ကြိမ်ထက်မနည်းလိမ်းပေးပါ။ ကိုယ်က အသားအရေ ခြောက်တဲ့သူဆိုရင် ဆပ်ပြာနဲ့ လက်ဆေးပြီးသားနဲ့ လိမ်းပေးပါ။
- ရေ များများသောက်ပါ။
- လက်သည်းကိုပါ ဗီတာမင် E နဲ့ထုတ်ထားတဲ့ Cream လေးတွေ လိမ်းပေးပါ။
လက်ကိုလည်း Scurb လုပ်သင့်
- မျက်နှာလိုဘဲ လက်လည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ Scurb လုပ်သင့်ပါတယ်။
လက်ကို Scrub လုပ်ဖို့
- ထောပတ်သီး တစ်လုံးရဲ့ တစ်ဝက်
- ကြက်ဥ ၁လုံးရဲ့ အနှစ်
- သံပုရာသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း
တို့ကို ရောပြီး လက်မှာ လိမ်းကာ မိနစ် ၂၀လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။
အပြင်ထွက်ရင် နေရောင်ဒဏ်ကို ကာကွယ်နိုင်တဲ့ SPF ပါတဲ့ Lotion ကို လက်မှာ လိမ်းပေးပါ။