မနက်စာက ကိုယ်အလေးချိန်ကျဆင်းဖို့ကူညီပေးနိုင်

မနက်စာကို မစားတဲ့သူတွေက စားတဲ့သူတွေထက် ကိုယ်အလေးချိန်တက်ဖို့၊ အဝလွန်ဖို့ ၅၀ ရာခိုင်နှုန်းပိုများပါတယ်။

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ပိုကောင်း

မနက်စာစားတဲ့သူဟာ အာရုံစိုက်မှုပိုကောင်းပြီး ဦးနှောက်မှတ်ဉာဏ်ကောင်းစေပါတယ်။

မနက်စာက နေ့တစ်နေ့အစအတွက် အရေးကြီး

နေ့စဉ် မနက်စာစားသုံးသူတွေမှာ အာဟာရရရှိမှုပိုများတယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာမှုအရ သိရှိရပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေ

တစ်ညလုံး အိပ်နေချိန်မှာ ခန္ဓာကိုယ်က နာရီပေါင်းများစွာ အစားအစာမရရှိပါဘူး။ ဒါ့ကြောင့် မနက်မိုးလင်းတဲ့အချိန်မှာ ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းစေဖို့ မနက်စာ ကောင်းကောင်းစားဖို့ လိုအပ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကိုအားကောင်းရင် အဆီလောင်ကျွမ်းအားလည်း ပိုကောင်းစေပါတယ်။

စိတ်ဂယောက်ဂယက်ဖြစ်မှုကို လျော့ချပေး

မနက်စာကောင်းကောင်းစားထားရင် ဗိုက်မဆာတာကြောင့် စိတ်တည်ငြိမ်နိုင်ပြီး နေ့လည်စာမှာလည်း အများကြီးမစားဖြစ်တော့ပါဘူး။

မနက်စာက ရောဂါတွေကို ကာကွယ်နိုင်

မနက်စာကိုနေ့စဉ်စားသုံးရင် ဆီးချို၊ သွေးတိုးတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အားကစားလုပ်ရာမှာလည်း အထောက်အပံ့ဖြစ်

မနက်စာမှာ ဗီတာမင်၊ သတ္တုဓာတ်တွေပါဝင်တာကြောင့် အားအင်တွေပြည့်ဝစေပြီး အားကစားကောင်းကောင်းလုပ်နိုင်ကာ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

စိတ်ကိုပိုပျော်ရွှင်စေ

မနက်ခင်းမှာ အာဟာရ ပြည့်ပြည့်စုံစုံ ရရှိရင် ပိုပြီး ပျော်ရွှင်စေပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

မနက်စာက သွေးအတွင်းကောင်းတဲ့ ကိုလက်စထရောတွေကိုမြှင့်တင်ပေးတာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

Featured Image Source: Fit For Life – Bakersfield