သင်က အရည်ရွှမ်းတဲ့ သရက်သီးကို ကြိုက်နှစ်သက်သူလား။ ဒါမှမဟုတ် တုတ်တုတ်ခိုင်ခိုင် ငှက်ပျောသီး စားရတာ ကြိုက်နှစ်သက်သူ တစ်ယောက်လား။ ဘယ်လိုသစ်သီးကို ရွေးချယ် ရွေးချယ်၊ သင့်ရဲ့အသားအရေအတွက် ကောင်းကျိုးပေးနိုင်တာကတော့ ငြင်းလို့ရမှာမဟုတ်ပါဘူး။

မိမိကြိုက်နှစ်သက်ရာ သစ်သီးတစ်မျိုးကို စားသုံးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ အာဟာရဓာတ်များနဲ့ Antioxidants များ ကြွယ်ဝလာမှာဖြစ်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးကာ ကောလဂျင်တွေကိုလည်း များများထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ သင့်ရဲ့အသားအရေက ကျန်းမာလှပပြီး Glow လာမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် အသားအရေကို Glow လာအောင် ကူညီပေးမယ့် သစ်သီးတွေက ဘယ်သစ်သီးတွေဖြစ်မလဲ။

သရက်သီး

သရက်သီးကို မနက်မိုးလင်းတဲ့အခါ ဖျော်ရည်အဖြစ် ဖျော်သောက်ပေးနိုင်သလို သရက်သီးကို အနေတော်အတုံးလှီးဖြတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သရေစာအဖြစ် စားသုံးနိုင်ပါတယ်။ သရက်သီးက အသားအရေကို ဆဲလ်သစ်များ ဖြစ်ပေါ်လာအောင် ကူညီပေးရုံသာမကဘဲ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ဖရဲသီး

ဖရဲသီးကတော့ ဝက်ခြံသမားနဲ့ Sensitive အသားအရေရှိသူများအတွက် အကောင်းမွန်ဆုံးသစ်သီးတစ်မျိုးပါပဲ။ သူ့မှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်တဲ့အတွက်ကြောင့် အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင် စီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နေလောင်ခြင်းကြောင့် အသားအရည်ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ပျက်စီးသွားတဲ့ ဆဲလ်များကိုလည်း အသစ်ပြန်လည် ထုတ်လုပ်ပေးပါတယ်။

သင်္ဘောသီး

သင်္ဘောသီးမှာတော့ ဗီတာမင်နှင့် သတ္တုဓာတ် များစွာပါဝင်ပြီး အသားအရေ ယားယံခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ ပြစ်မျိုးမှဲ့မထင်တဲ့ အသားအရေပိုင်ရှင်ဖြစ်ချင်တယ်ဆိုရင်တော့ သင်္ဘောသီးကို မှန်မှန်စားသုံးပေးဖို့လိုပါတယ်။

တလည်းသီး

တလည်းသီးကတော့ အသားအရေကို တောက်ပစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေ မညီမညာဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့ ကြွယ်ဝစွာပါပြီး တစ်နေ့ကို တစ်လုံး စားသုံးခြင်းအားဖြင့် သင့်အသားအရေက Glow လာမှာပဲဖြစ်ပါတယ်။

ငှက်ပျောသီး

တစ်နှစ်ပတ်လုံး ရရှိနိုင်တဲ့ အစားအစာတွေထဲမှာ ငှက်ပျောသီးကလည်း တစ်ခုအပါအဝင်ပါပဲ။ ပုံမှန်စားသုံးခြင်းအားဖြင့် စွမ်းအင် ပြည့်ဝစေမှာဖြစ်ပြီး အသားအရေကိုလည်း အစိုဓာတ် ဖြည့်တင်းပေးပါတယ်။

စပျစ်သီး

စပျစ်သီးအစိမ်း၊ အမဲ၊နဲ့ အနီဆိုပြီး စပျစ်သီးအမျိုးမျိုး ရှိကြပြီး မည်သည့်စပျစ်သီးမဆို နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အရေပြားကင်ဆာမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သူ့ရဲ့အစေ့ကဆိုရင် ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကုသပေးနိုင်စွမ်းရှိပါတယ်။

ကီဝီသီး

အသားအရေအလှအပကို တိုးမြှင့်ပေးတဲ့ သစ်သီးတွေထဲမှာ ကီဝီသီးကလည်း တစ်ခုအပါအဝင်ပါပဲ။ သူက အရေးအကြောင်းများကို နှောင့်နှေးစေပြီး ကောလဂျင်များကို များများထုတ်လွှတ်ပေးပါတယ်။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးကလည်း ကောလဂျင်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒါ့အပြင် အသားအရေကို နေလောင်ဒဏ်မှလည်း ကာကွယ်ပေးပါတယ်။

Source: Parenting.firstcry.com