ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တဲ့သူတွေအတွက် ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားအောင် ကူညီပေးနိုင်တဲ့ Drink ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

နွားနို့ပူပူလေးသောက်ပြီးအိပ်ရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

ကြွက်သားတွေနာကျင်နေလို့ အိပ်မပျော်တဲ့အခါမျိုးမှာဆိုရင် Peppermint tea ကိုသောက်အိပ်ရင် ကောင်းမွန်စွာနဲ့ အိပ်ပျော်စေပါတယ်။

Cherry juice က နွားနို့လိုပါပဲ။ အိပ်ခါနီးမှာ တစ်ခွက်လောက်သောက်ပြီး အိပ်လိုက်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ပင်ပန်းနေချိန်မှာ အုန်းရည်လေးသောက်ပြီး အိပ်လိုက်ရင် ပင်ပန်းတာတွေ ဖြေလျော့ပြီး နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်လို့ကောင်းပါတယ်။

Almond Milk နဲ့ဖျော်ထားတဲ့ ငှက်ပျောသီး Smoothie ကိုသောက်ရင် အားပြည့်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

Green Tea သောက်ပြီးမှအိပ်ရင် Stress တွေပြေပျောက်ပြီး ကောင်းမွန်စွာအိပ်ပျော်စေလို့ မနက်ရောက်ရင်လည်း လန်းဆန်းနေစေပါတယ်။

အလုပ်တွေလုပ်ရတာပင်ပန်းတဲ့နေ့မျိုးမှာဆိုရင် Almond Milk လေးသောက်အိပ်လိုက်ပါက ကောင်းမွန်စွာအိပ်စက်နိုင်ပါတယ်။

အစာအိမ်အောင့်လို့ အိပ်မပျော်တဲ့အခါမှာပဲဖြစ်ဖြစ်၊ Stress ကြောင့် အိပ်မပျော်တဲ့အခါမှာပဲဖြစ်ဖြစ် Chamomile tea ကိုသောက်အိပ်ရင် ကောင်းကောင်းအိပ်ပျော်ပါတယ်။

Valerian root tea ကို တစ်ခွက်လောက်သောက်ပြီးအိပ်လိုက်ရင် သေချာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ်။

စိတ်ပင်ပန်းနွမ်းနယ်နေချိန်၊ Stress တွေများနေချိန်မှာ Ashwagandha tea ကိုသောက်ရင် လျော့ကျစေပါတယ်။ ညဘက်ရောက်ရင်လည်း ကောင်းကောင်းအိပ်ပျော်စေပါတယ်။

source: www.brightside.me