အစားအစာများ ချက်ပြုတ်ပြင်ဆင်ရာမီးဖိုချောင်က သန့်ရှင်းသပ်ရပ်နေဖို့ လိုအပ်တယ်လို့ သင် မှတ်ယူပါသလား။

ဟုတ်ပါတယ်။ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေမှာသာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို ချက်ပြုတ်ပြင်ဆင်နိုင်မှာမဟုတ်ပါလား။ ညစ်ပတ်ပေရေပြီး လေဝင်လေထွက် မကောင်းတဲ့ မီးဖိုချောင်က ဘက်တီးရီးယား ပေါက်ဖွားမှုကို အားပေးအားမြှောက်ပြုရာရောက်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါဆိုရင် ရုတ်တရက် ကြည့်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်တဲ့ မီးဖိုချောင်ဖြစ်အောင် ဘယ်လိုဖန်တီးရမလဲ။

အိုးခွက် ပန်းကန်များ၊ ပန်းကန်စင်များကို တစ်ပတ်တစ်ခါခန့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းအားဖြင့် ဖုန်တက်ခြင်းမှ တားဆီးပါ။

သန့်ရှင်းရေး အမြဲလုပ်ဖို့ မအားလပ်ပါက အလုံပိတ်ဘီဒိုထဲမှာ သေချာ ထည့်သိမ်းထားပါ။

အထုတ်အသွင်း ပြုလုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ပစ္စည်းကိရိယာများကိုသာ ဝယ်သုံးပါ

တိုက်ခန်းမှာ နေရသူများအတွက် မီးဖိုချောင်နေရာက ကျဉ်းတယ်ဆိုရင် ဒီလိုအံဆွဲဒီဇိုင်းက ကွက်တိကျပါလိမ့်မယ်။

ဟင်းခပ်အမွှေးအကြိုက်မှုန့်များနဲ့ သစ်သီးများကို အမိုက်စား ခင်းကျင်းချင်သူများအတွက်

ပန်းကန်ပြားများ၊ ပန်းကန်လုံးများကို ဖုန်မတက်စေမယ့် နောက်ထပ်နည်းလမ်းကောင်းတစ်ခု

တိုက်ခန်းမှာ နေသူများအတွက် အသုံးတည့်မယ့် နံရံကပ်စင်များ

စားပွဲခုံတစ်ခုတည်းအောက်မှာပဲ စင် နှစ်ထပ်လောက် ထပ်တိုးဆောက်လိုက်ပါ

ဘီးတပ်ထားတဲ့ စားပွဲတွေက ဟင်းချက်ဖို့အတွက်ရော ထမင်းလက်ဆုံစားဖို့အတွက်ပါ အသုံးတည့်ပါတယ်

ဒယ်အိုးတွေကို တစုတစည်းထဲ ချိတ်ထားပါ

ဒီလိုအမိုက်စား အိုင်ဒီယာတွေ အသုံးပြုပြီး သင့်ရဲ့မီးဖိုချောင်ကို လှသထက် လှအောင် အဆင့်မြင့်တင်လိုက်ပါ။

Source: Mykarmastream.com