မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းအဟောင်းတွေ အသုံးမလိုတဲ့ ပစ္စည်းတွေက သင့်ရဲ့မီးဖိုချောင်ကို ရှုပ်ပွစေပါတယ်။ ဒီလိုရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ဒီအတိုင်းလွှင့်ပစ်ဖို့ရာ နှမြောနေတယ်ဆိုရင်တော့ ခေတ်မှီစတိုင်လ်ကျတဲ့ နောက်ဆုံးပေါ် အသုံးအဆောင်ပစ္စည်းအဖြစ် ပြောင်းလဲလိုက်ပါ။

ဘယ်လိုပုံစံ ပြောင်းလဲရမလဲ စဉ်းစားရခက်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အိုင်ဒီယာလေးတွေကို မှီငြမ်းပြီး မိမိစိတ်တိုင်းကျ ဒီဇိုင်းထွင် ပြောင်းလဲနိုင်ပါတယ်။

ဇွန်း၊ ခက်ရင်းများဖြင့် ပြုလုပ်ထားတဲ့ သစ်သီးခွက်

ပန်းကန်လုံး မီးအိမ်

ပန်းကန်လုံးအဖုံးနဲ့ ပြုလုပ်ထားတဲ့ ချိတ်စရာ

မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းများဖြင့် အလှဆင်ထားတဲ့ အိမ်တွင်းပန်းအိုးများ

ရေနွေးကရားအိုး၊ ရေနွေးခွက်များဖြင့် အလှဆင်ထားတဲ့ မီးအိမ်

ကော်ဖီခွက်ကို နံရံမှာကပ်ကာ အလှဆင်ထားတဲ့ နံရံကပ်မီးအိမ်

အကင်မီးဖိုအဟောင်းဖြင့် အလှဆင်ထားတဲ့ ပန်းအိုးငယ်

အချုပ်အလုပ် ဝါသနာပါသူများအတွက် အပ်ချည်လုံး ထည့်သိမ်းထားနိုင်တဲ့ ဖန်ပုလင်းများ

ခက်ရင်းဖြင့် အလှဆင်ထားတဲ့ ချိတ်

ကော်ဖီခွက်နဲ့ အလှဆင်ထားတဲ့ ချိတ်စရာတန်း

ကော်ဖီခွက် စားပွဲတင်မီးအိမ်

ရေနွေးကရား မီးအိမ်

ဇွန်း၊ ခရင်းများဖြင့် အလှဆင်ထားတဲ့ မီးဆိုင်း

ဝိုင်ပုလင်းများကို မလွှင့်ပစ်ဘဲ ရောင်စုံမီးအိမ်အဖြစ် ဖန်တီးလိုက်ပါ

ဒါဆိုရင်တော့ စာဖတ်သူတို့လည်း မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းများကို ဘယ်လိုအလှဆင်ရမလဲဆိုတဲ့ အိုင်ဒီယာကောင်းလေးတွေ ရရှိသွားလောက်ပြီ မျှော်လင့်ပါတယ်။

Source: Brightside.me