ခဏခဏဗိုက်ဆာတတ်တဲ့သူတွေအတွက် လွယ်ကူမြန်ဆန်ပြီး အရသာလည်းရှိမယ့် အစာအပြေမုန့်လုပ်နည်း ၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပထမတစ်နည်းကတော့ ပေါင်မုန့်တစ်ချပ်ကို လက်တစ်ဆစ်စာလေးတွေလှီးပြီး ကော်ဖီသောက်တဲ့ ပန်းကန်လုံးလေးလဲထည့်ပါ။ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ခရင်းနဲ့သမအောင်မွှေလိုက်ပါ။ ခရမ်းချဉ်သီးဆော့စ်တွေ ထည့်ပေးပါ။

Parmesan ချိစ် တစ်ဇွန်းထည့်ပေးပါ။ ဝက်အူချောင်း (သို့) ကြက်အူချောင်းကို ၃ ဖက်၊ ၄ ဖက်လောက် လှီးထည့်ပါ။ ခရမ်းချဉ်သီးအသေးလေးတစ်လုံးလောက် လှီးထည့်ပါ။ အပေါ်ကနေ Parmesan ချိစ် နည်းနည်းထပ်ထည့်ပါ။

အားလုံးပြီးရင် Microwave ထဲမှာ ၂ မိနစ် ထည့်ထားပါ။ အချိန်ပြည့်ရင်တော့ ဇွန်းနဲ့ခပ်စားလို့ရပါပြီ။ ကိုယ့်တစ်ယောက်စာအတွက်တော့ အစာပြေဖို့ကွက်တိပဲနော်။

နောက်တစ်နည်းကတော့ Chips မုန့်ထုပ်တစ်ထုပ်ကို လက်နဲ့ပဲထုချေပြီး ဖောက်လိုက်ပါ။ ပြီးရင် မုန့်ထုပ်ထဲကို ကြက်ဥ ၃ လုံးဖောက်ထည့်ပြီး သမအောင် Shake လိုက်ပါ။

ထိပ်နားကိုဖောက်ပြီး ပုံစံခွက်တွေထဲကို နည်းနည်းစီထည့်ပါ။ အပေါ်ကနေ ခရမ်းချဉ်သီးဆော့စ် တစ်ဇွန်းစီလိုက်ထည့်ပါ။ ချိစ်နည်းနည်းစီလိုက်ထည့်ပါ။ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေကို အပေါ်ကနေ ထည့်ပေးပါ။ ပြီးရင် ချိစ်လေးနည်းနည်းထပ်အုပ်လိုက်ပြီး Microwave ထဲမှာ ၂ မိနစ်ထည့်ထားပါ။

အချိန်ပြည့်ရင်တော့ အချဉ်နဲ့တွဲပြီး အသင့်စားသုံးနိုင်ပါပြီ။ ဒါကတော့ လုပ်ရတာလွယ်ကူမြန်ဆန်တဲ့ Pizza အသေးစားလေးပါ။

Source: www.5minutecraftsrecycle