အသည်းဟာ ကိုယ်ခန္ဓာရဲ့ လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပြင်က ဆီမသန့်၊ အချိုမှုန့်တွေများတဲ့ အစားအစာတွေကို ရက်ဆက်စားမိပြီဆိုရင် အသားအရေ ညစ်ထေးလာတာ နေလို့ထိုင်လို့ မကောင်းတာ စတဲ့ ခံစားမှုတွေဟာ အသည်း အလုပ် ပုံမှန် မလုပ်လို့ ဖြစ်ရတယ်လို့ ဆိုပါတယ်။ အသည်းကို အမြဲသန့်စင်စေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အသည်းကို ဒုက္ခပေးမယ့် အဆိပ်တွေ များနေရင်တော့ သောက်ရမယ့် အရည် ၃မျိုး ရှိပါတယ်။

detox drink

Multicolor Drink

Multicolor Drink လို့ အမည်ပေးထားတဲ့ အရည်ဟာ အဆိပ်ထုတ်ရမှာ အကူအညီပေးနိုင်ပြီး မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

ပါဝင်ပစ္စည်း

  • ငရုတ်ပွ တစ်လုံး
  • လီမွန် တစ်ခြမ်း
  • သခွားသီး အရွယ်တော် တစ်လုံး
  • ပန်းသီး တစ်လုံး

ပါဝင်ပစ္စည်းတွေ အားလုံးကို ရောကြိတ်ပြီး သောက်ပေးရမှာပါ။ ဒီဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်စေနိုင်ပြီး တစ်နေ့ကို ၂-၃ ခွက် သောက်ပေးရင်တော့ အသည်းကို ဒုက္ခ ပေးမယ့် အဆိပ်တွေကို တစ်ရက်ထဲမှာ ရှင်းပေးနိုင်ပြီး အဆီတွေပါ လောင်ကျွမ်းစေပါတယ်။

green-tea-citrus-flavor

Green Tea Citrus Flavor

  • သံပုရာ တစ်ခြမ်း
  • ငှက်ပျောသီး တစ်လုံး
  • Green Tea ခွက်တစ်ဝက်

အားလုံး ရောမွှေပြီး သောက်ပေးရမှာပါ။ ကိုယ်ထဲက အဆိပ်တွေကို အလျင်မြန်ဆုံး ထုတ်ပေးပါတယ်။

lemon-ginger-turmeric-tea

Turmeric Liver Cleansing Drink

  •  ရေခွက် တစ်ဝက်
  • ဂျင်း လက်တစ်ဆစ်
  • သံပုရာသီးတစ်လုံး အရည်ညှစ်ပြီး
  • လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်း

အသည်းကို ဒုက္ခပေးမယ့် အဆိပ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး အစာအိမ်နဲ့ အူအတွက်ပါ အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်တဲ့ ဖျော်ရည်ပါ။