ကီဝီသီးကို တရုတ်နိုင်ငံတောင်ပိုင်းမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်း ကမ္ဘာအနှံ့မှာ စားသုံးလာကြပါတယ်။

ကီဝီသီးက အရသာရှိတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကီဝီသီးစားရင် ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်။

ဖောလစ်အက်ဆစ် (Folic Acid) တွေ ကြွယ်ဝစွာပါဝင်

ကီဝီသီးမှာ ဖောလစ်အက်ဆစ် (Folic Acid) ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ပျက်ကျခဲ့တဲ့ ရာဇဝင်ရှိတဲ့ မိခင်တွေမှာ ကိုယ်ဝန်ပြန်လည် ရရှိနိုင်ပါတယ်။

ဖောလစ်အက်ဆစ် (Folic Acid)က သန္ဓေသားရဲ့ ကျန်းမာရေးကို ကောင်းစေပြီး ကြီးထွားမှုကိုလည်း ကူညီပံ့ပိုးပေးပါတယ်။

ကိုယ်ဝန်ဆောင်တွေရဲ့ သားအိမ်ကျန်းမာရေးကိုလည်း အထောက်အကူပေးပါတယ်။

ဖောလစ်အက်ဆစ်က ဗီတာမင် B မိသားစုထဲမှာပါဝင်တာကြောင့် ဆဲလ်အသစ်တွေကို ဖွံ့ဖြိုး မွေးဖွားဖို့ အဓိက ကျပါတယ်။

ဖောလစ်အက်ဆစ်က ကိုယ်ဝန်ဆောင်ချိန်သာမက ကလေးယူဖို့ ကြိုးစားနေတဲ့ မိခင်လောင်းတွေအတွက် အရမ်းကို အရေးပါတဲ့ ဓာတ်ဖြစ်ပါတယ်။

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်

ကိုယ်ဝန်ဆောင်နေချိန် ကီဝီသီး စားပေးခြင်းရဲ့ အကျိုးကျေးဇူး

ကိုယ်ဝန်ဆောင်တဲ့မိခင်တိုင်း ဝမ်းချုပ်တာကို ခံစားရဖူးမှာပါ။ ကီဝီသီးက အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကူညီပေးပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် ကိုယ်ဝန်ဆောင်စဉ် ခံစားရတဲ့ ဝေဒနာတွေဖြစ်တဲ့ မူးဝေအော့အန်ခြင်းတို့ကို ပါ သက်သာစေပါတယ်။

Antioxidants တွေ ကြွယ်ဝစွာပါဝင်

ကီဝီသီးမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေက တခြားသာမန်လူတွေထက်စာရင် ကိုယ်ခံအားစနစ် အားနည်းတတ်ကြပါတယ်။

ကီဝီသီးမှာပါဝင်နေတဲ့ Antioxidants တွေက Free Radicals တွေကို တိုက်ထုတ်ပြီး ဖျားနာမှုနဲ့ ရောဂါပိုးဝင်ရောက်မှုတွေကို ကာကွယ်ပေးကာ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

ဖျားနာမှုကင်းပြီး ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်မှသာ ကျန်းမာလှပတဲ့ကလေးငယ်ကို မွေးဖွားနိုင်မှာပါ။

အဲ့ဒီအပြင် ကီဝီသီးမှာ ဗီတာမင် စီပါဝင်တာကြောင့် အားအင်တွေ ရှိစေပြီး အဆီကို လောင်ကျွမ်းစေပါတယ်။