အဆီပိုတွေ ပျောက်ကွယ်သွားပြီး ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆိုရင် လေ့ကျင့်ခန်းဖို့ ၃၀ ရာခိုင်နှုန်းခန့် လိုအပ်ပြီး အစားအသောက် ထိန်းဖို့ကတော့ ၇၀ ရာခိုင်နှုန်းခန့် လိုအပ်ပါတယ်။မုန့်ဖုတ်ဆိုဒါက သင့်ခန္ဓာကိုယ်မှ အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားတယ်ဆိုတာကိုရော သင် ယုံကြည်ပါသလား။

လေ့ကျင့်ခန်း မလုပ်ချင်သူများ၊ အစား လျော့မစားချင်သူများအတွက် မုန့်ဖုတ်ဆိုဒါက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

မုန့်ဖုတ်ဆိုဒါနဲ့ သံပုယိုရည်

သံပုယိုသီးတစ်လုံး၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဝက်နှင့် ရေတစ်ဖန်ခွက်ခန့်တို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုသီးကို အရည်ညှစ်ပြီးနေက် မုန့်ဖုတ်ဆိုဒါ၊ ရေတို့နဲ့ သမအောင် ရောနှောပေးလိုက်ပါ။ ဒီဖျော်ရည်လေးကိုတော့ မနက်မိုးလင်းတိုင်း သောက်သုံးပေးရမှာပဲဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် Green Tea

သဘာဝ Green Tea စစ်စစ်တစ်ထုပ်၊ ရေ တစ်ဖန်ခွက်ခန့်နှင့် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း လေးပုံတစ်ပုံတို့ လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး ရေကို ဆူပွက်လာအောင် အပူပေးလိုက်ပါ။ Green Tea ထုပ်ကို ရေနွေးထဲ ထည့်စိမ်လိုက်ပါ။ ပြီးမှ မုန့်ဖုတ်ဆိုဒါ ထည့်ပြီး ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို ဝိတ်ကျဖို့အတွက် သောက်သုံးနိုင်ပါပြီ။

မုန့်ဖုတ်ဆိုဒါနှင့် စတော်ဘယ်ရီသီး Smoothie

ဒီဖျော်ရည်ကို သောက်သုံးချင်တယ်ဆိုရင် ရေ ၅၀၀ မီလီလီတာ၊ သံပုယိုသီး ၂ လုံး၊ စတော်ဘယ်ရီသီးအနည်းငယ်၊ ပင်စိမ်းရွက် အနည်းငယ်နှင့် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းတစ်ဝက်တို့ လိုအပ်ပါလိမ့်မယ်။ သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများ အားလုံးကို သစ်သီးဖျော်စက်ထဲ ထည့်ပြီး မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာလည်းရှိပြီး ကိုယ်အလေးချိန်လည်း လျော့ချပေးမယ့် စတော်ဘယ်ရီသီး Smoothie လေးကို သောက်သုံးနိုင်ပါပြီ။

လေ့လာတွေ့ရှိချက်တွေအရ မုန့်ဖုတ်ဆိုဒါက ဝိတ်ကျစေတဲ့အပြင် ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ ရင်ပူခြင်းတို့ကို သက်သာပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမဲ့ သင့်မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒါမှမဟုတ် ကျောက်ကပ်အားနည်းတတ်တဲ့သူဆိုရင်တော့ ဒီဖျော်ရည်တွေကို မသောက်သုံးခင်မှာ ဆရာဝန်ထံမှ အကြံဉာဏ်ကို ဦးစွာရယူသင့်ပါတယ်။

Source: Stylecraze.com