ကျန်းမာစွာ နေထိုင်ဖို့ဟာ လူ့ဘောင်လောကရဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးလို့တောင် တင်စားကြပါတယ်။ လူတစ်ယောက်မှာ အခြေခံကျတဲ့ နေထိုင်စားသောက်မှုတွေကို မူတည်ပြီး ကျန်းမာအောင် နေထိုင်လို့ ရပါတယ်။ အဲ့လို ပြုမူနေထိုင် စားသောက်ခြင်းဟာ လူအများဆုံးဖြစ်တတ်တဲ့ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတို့ကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးကို ကူညီပေးနိုင်တဲ့ အစားအစာတွေကို မျှဝေချင်ပါတယ်။

၁။ ဘယ်ရီသီးများ

berries

လေ့လာတွေ့ရှိချက်တွေ အရ ဘယ်ရီသီးတွေမှာ ပါတဲ့ Antioxidant တွေဟာ သွေးကြောနံရံတွေမှာ ရှိတဲ့ ဆိုးဝါးတဲ့ LDL ကိုလက်စထရောတွေကို လျှော့ချပေးနိုင် ပါတယ်။  ဒါဟာ နှလုံးရောဂါ မဖြစ်စေဖို့ အဓိက အချက်ပါပဲ။

၂။ အစေ့အဆန်များ

nuts

အစေ့အဆန်ဆိုရာမှာ သစ်ကြားသီး၊ မြေပဲ၊ သီဟိုဠ်စေ့ တို့ ဖြစ်ပါတယ်။ သူတို့မှာ ပါတဲ့ အိုမီဂါ3ဖက်တီးအက်ဆစ်ဟာ သွေးခဲခြင်းကို ကာကွယ်ပေးပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေ ပုံမှန်ဖြစ်ဖို့ ကူညီပေးပါတယ်။ သွေးထဲက မကောင်းတဲ့ အဆီတွေကို ချေဖျက်ပေးပြီး ကိုလက်စထရောကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၃။ ဆယ်လ်မွန်ငါး

Salmon

ကျန်းမာစေဖို့ အတွက် လိုအပ်တဲ့ ငါးကြီးဆီကို ဆယ်လ်မွန်ငါးကနေ အဓိက ရပါတယ်။ နှလုံးကျန်းမာရေး ကောင်းဖို့ တစ်ချို့ဆို ငါးကြီးဆီကို ဝယ်သောက်ကြပါတယ်။ အိုမီဂါ3 ကြွယ်ဝစွာ ပါဝင်ပြီး နှလုံးကျန်းမာရေးကို အဓိက ကူညီပေးပါတယ်။

၄။ လိမ္မော်သီး

oranges

လိမ္မော်သီးဟာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဗီတာမင် စီ ပါဝင်တဲ့ အသီးတစ်မျိုးပါ။ သူဟာ အစာချေစနစ်ကို ကောင်းမွန်စေပြီး ခုခံအားကို တက်စေပါတယ်။ ဒီအကြောင်းအရာ တွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးပေါင်ချိန်ကိုလည်း ထိန်းပေးနိုင်ပါတယ်။

Credit: Salome Phelamei