အထိုင်များတဲ့အခါ၊ အဆီအစိမ့်တွေ စားတဲ့အခါ ဝမ်းဗိုက်ပတ်ပတ်လည်မှာ အဆီပိုတွေ စုသွားပြီး ဗိုက်ပူလာပါတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပြီး အစားအစာတွေကို အဆီအစိမ့် လျှော့စားမယ်ဆိုရင်တော့ အဆီတွေကို ချေဖျက်ပေးနိုင်ပါလိမ့်မယ်။ အချို့ အစားအစာတွေဟာလည်း အဆီတွေကို ချေဖျက်ပေးနိုင်စွမ်းရှိပြီး ဗိုက်ကိုချပ်ရပ်စေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်စွာ အဆီချဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် လုပ်ပေးသင့်ပါတယ်။

ဒီအစားအစာတွေဟာ အိပ်ပျော်စေနိုင်ပြီး ဝိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဗိုက်က အဆီတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။ ဘယ်လို စပြီး စားရမလဲဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ကြည့်ပါ။

ငါး

bluefin-otoro-sashimi

သင်ဟာ ပိန်ချင်သူဆိုရင်တော့ ငါးကို မမေ့ပါနဲ့။ ငါးမှာပါတဲ့ အိုမီဂါ၃ဟာ ကျန်းမာရေးနဲ့ ညီညွှတ်စေပြီး သွေးလည်ပတ်မှု အားကောင်းစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို အားကောင်းစေပြီး အစာလည်း ကြေစေနိုင်ပါတယ်။ အိပ်ပျော်စေနိုင်တဲ့ ဟော်မုန်းကို ပိုထုတ်ပေးနိုင်တဲ့အတွက် သင့်ကို ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေခြင်းဟာ သင့်ကို ညနက်မှ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

ပရိုတင်း ဓာတ်လည်း ကြွယ်ဝတာကြောင့် အာဟာရဓာတ်အတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။ ကယ်လိုရီနည်းပြီး အာဟာရမြင့်စေတာကြောင့် သင် အဆီတွေကို ချေဖျက်ချင်ရင်တော့ ငါးစားပေးပါ။

အစေ့အဆံ

assorted-nuts

အစေ့အဆံတွေဟာ စိတ်ကို လန်းဆန်းစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို တက်ကြွစေနိုင်တဲ့ မက်ကနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ညဖက်တွေမှာစားပေးရင် သင့်ကို ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ ၂၀၁၀ ခုနှစ် ပညာရှင်တွေ လေ့လာချက်များအရ အစေ့အဆံတွေဟာ ညဖက်အိပ်မပျော်သူတွေကို ကောင်းကောင်း အိပ်ပျော်အောင် ကူညီနိုင်စွမ်း ရှိတယ်လို့ ဆိုထားပါတယ်။

အသက် ၅၁နှစ်ကျော်သွားရင်တော့ တစ်နေ့မှာ မက်ကနီဆီယမ်ဓာတ် ၃၂၀ဂရမ်လောက် ကျွေးပေးပြီး ၇ပတ်ပြည့်တဲ့အခါ ကောင်းကောင်း အိပ်ပျော်စေပြီး ပြန်ပြီး လန်းဆန်းနိုင်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာ လာစဉ်ကြုံတွေ့ရတဲ့ နာကျင် ကိုက်ခဲခြင်းတွေကိုလည်း
လျှော့နည်းစေနိုင်ပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချိုနဲ့ အယ်လ်ဇိုင်းမားတို့ကို ကာကွယ်ပေးနိုငိပါတယ်။

နွားနို့

woman-drinking-milk

နွားနို့ကို စနစ်တကျသောက်ပေးရင် ကိုယ်ခနာအတွက် ကောင်းမွန်စေပြီး သင့်ကိုလှပစေနိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး နွားနို့ သောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို နွားနို့က အပြည့်အ၀ ပေးနိုင်ပါတယ်။ အမျိုးသမီးတွေ အဖြစ်များတဲ့ အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ နွားနို့နဲ့ ဒိန်ချဉ်ဟာ ကိုယ်တွင်းက အဆီတွေကိုလည်း ကောင်းကောင်း ချေဖျက်ပေးနိုင်ပါတယ်။ နှလုံးရောဂါနဲ့ အခြား ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ချယ်ရီသီး

red-sour-cherries

အိပ်ယာဝင်ခါနီး အချိန်တွေမှာ ချယ်ရီသီးကို ပုံမှန်စားပေးရင် ကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သင့်ကို အိပ်ပျော်စေနိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေခြင်းဟာ သင့်ကို ဝမ်းဗိုက်အဆီတွေ ချေဖျက်ပေးနိုင်ပြီး ဗိုက်ချပ်စေနိုင်ပါတယ်။ စိတ်ကျနေချိန်တွေမှာတောင် ချယ်ရီသီးကို စားပေးရင် ကောင်းမွန်တဲ့ အကူအညီတွေ ရစေနိုင်တယ်ဆိုတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။ ပါဝင်တဲ့ အားပြည့် အင်တီအောက်ဆီးဒင့်ဟာလည်း ဝိတ်ကျစေဖို့ ကူညီပေးနိုင်ပါတယ်။

Source: Prevention