ဩဂုတ်လကနေစပြီးတော့ သဖန်းသီးတွေစတင်သီးပွင့်လာပြီဖြစ်ပြီး အောက်တိုဘာအထိ သဖန်းသီးတွေကို ဈေးထဲမှာဝယ်ယူရရှိနိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ်နဲ့ သဖန်းသီးအမှည့်ကို စားဖူးသူတွေအနေနဲ့ ပျားရည်နဲ့ဘယ်ရီးသီးတို့ပေါင်းစပ်ထားသလို ချိုမြိန်လွန်းတဲ့ အရသာကို ခံစားဖူးကြမှာပါ။ သဖန်းသီးကို ကြိုက်တတ်တယ်ဆိုရင်တော့ သူ့ကိုစားသုံးခြင်းဖြင့် ကိုယ့်ရဲ့ကျန်းမာရေးကို ဘယ်လိုမျိုးအထောက်အပံ့ဖြစ်စေမလဲဆိုတာကိုလည်း လေ့လာထားသင့်ပါတယ်နော်။

Fiber

Fiber က ဝမ်းကိုပျော့စေကာ အစာခြေစနစ်ကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ အူအလုပ်လုပ်မှုကို ပုံမှန်ဖြစ်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုလက်စထရောကိုလည်း ကျစေပါသေးတယ်။

ပိုတက်စီယမ်

နှလုံးကျန်းမာရေးနှင့် သွေးပေါင်ချိန်ထိန်းနိုင်ဖို့အတွက် ပိုတက်စီယမ်က အလွန်အရေးကြီးပါတယ်။ ငှက်ပျောသီး၊ အာလူးတို့ကနေလည်း ပိုတက်စီယမ်ကို ရရှိနိုင်တယ်ဆိုပေမယ့် သဖန်းသီးခပ်ကြီးကြီးတစ်လုံးမှာ ပိုတက်စီယမ်ပါဝင်မှု 148mg ရှိပြီး တစ်ယောက်စာဆိုရင် သင့်တစ်နေ့တာလိုအပ်မှု၏ ၁၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

ဗီတာမင်အေ

ဗီတာမင်အေဟာ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း၊ အမြင်အာရုံတိုးတက်စေခြင်း၊ နှလုံး၊ အဆုတ်နှင့် အခြားကိုယ်တွင်းအစိတ်အပိုင်းများကို ကျန်းမာစေခြင်း၊ မျိုးပွားမှုကို ထောက်ပံ့ပေးခြင်း စတဲ့ ထောက်ပံ့မှုများကို ဆောင်ရွက်ပေးပါတယ်။ သဖန်းသီးတွေက ခြောက်သွားပြီဆိုရင် ဗီတာမင်အေကိုလည်း ဆုံးရှုံးသွားနိုင်လို့ လတ်လတ်ဆတ်ဆတ် စားသုံးပေးပါ။

Magnesium

ဗီတာမင်အေလိုမဟုတ်ဘဲ Magnesium ကတော့ သဖန်းသီးခြောက်သွားတယ်ဆိုရင်တောင် သူ့ရဲ့ဓာတ်ကို မဆုံးရှုံးသွားတတ်ပါဘူး။ ကြွက်သားနှင့် အာရုံကြောအလုပ်လုပ်မှုများ၊ အရိုးကျန်းမာရေး၊ ပရိုတင်းတည်ဆောက်မှု၊ သွေးချိုနှင့် သွေးပေါင်ချိန်ပမာဏများထိန်းသိမ်းမှုတို့အတွက် Magnesium က အရေးပါပါတယ်။