(Zawgyi Version)


Ginger tea



Rosehip tea



Thyme tea



Cardamom tea



(Unicode Version)

Herbal Tea တွေက ဆေးဖက်ဝင်တာဖြစ်လို့ ကျန်းမာရေးအတွက် အမြဲသောက်သုံးပေးသင့်ပါတယ်။ Herbal Tea တွေအများကြီးထဲမှ ခန္ဓာကိုယ်အတွက်အကျိုးရှိစေရုံသာမကပဲ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေလို့ ပုံမှန်သောက်ပေးသင့်တဲ့ Herbal Tea (၄) မျိုးကို ပြောပြပေးလိုက်ပါတယ်။

Ginger tea

ဂျင်းနဲ့လုပ်ထားတဲ့ Ginger tea ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးရင် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ မအီမသာဖြစ်ခြင်းနဲ့ အော့အန်ခြင်းတွေကို သက်သာစေတယ်၊ ဖျားနာတာကိုလည်း သက်သာစေတယ်။ ဆောင်းရာသီမှာဖြစ်လေ့ရှိတဲ့ Flu ကိုလည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Photo Source: www.powerofpositivity.com

Rosehip tea

Rosehip tea မှာက ဗီတာမင်စီ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ Rosehip tea ကို ပုံမှန်သောက်ပေးရင် အဆိပ်အတောက်တွေ လျော့ကျစေပြီး ဝိတ်လည်းကျစေတယ်။ ဗိုက်ခေါက်အဆီတွေလည်း လျော့ကျစေတယ်။ Skin Aging တွေကိုလည်း လျော့ကျစေပါတယ်။ တစ်နေ့ထဲမှာတင် သုံးကြိမ်လောက်ကို သောက်ပေးလို့ရပါတယ်နော်။

Photo Source: www.english.newstracklive.com

Thyme tea

Thyme tea မှာက vitamin C, vitamin A, copper, iron, manganese, potassium, phosphorous, carvacrol, pyridoxine စတဲ့ ဓာတ်တွေပါဝင်ပါတယ်။ တစ်နေ့ တစ်ခွက် ပုံမှန်သောက်ပေးရင် အမေးမိတာ၊ ဖျားနာတာကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ဗိုက်အောင့်တာတွေကိုလည်း သက်သာစေပါတယ်။

Photo Source: www.bandy777.ru

Cardamom tea

ဖာလာစေ့နဲ့လုပ်ထားတဲ့ Cardamom tea ကို မနက်ပိုင်းမှာ တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးတာ အကောင်းဆုံးပါ။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသားအရည်ကိုလည်း သဘာဝအတိုင်း ကြည်လင်လာစေပါတယ်။

Photo Source: www.alibaba.com