အကြော်အလှော်မုန့်များ၊ ဆီကြော်မုန့်များက အရသာအင်မတန်ကောင်းမွန်ပြီး လူအများ နှစ်ခြိုက်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအရသာရှိရှိ ဆီများများနဲ့ ကြော်ထားတဲ့အတွက်ကြောင့် ကျန်းမာရေးဆိုးကျိုးတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။

ကျန်းမာရေး ဘေးထွက်ဆိုးကျိုး အများအပြားရှိသည့်အနက် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုတွေကတော့ …

အဝလွန်ခြင်း

Source: Health.harvard.edu

အစားအစာတစ်ခုက ဆီများများထဲမှာ ကြိမ်ဖန်များစွာ ကြော်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ရဲ့ကယ်လိုရီပမာဏကလည်း တရိပ်ရိပ်တက်လာတာပါ။ ကယ်လိုရီများတဲ့ အစားအစာများ စားသုံးခြင်းကြောင့် တဖြည်းဖြည်း ဝိတ်တက်လာမှဖြစ်ပြီး ကာလအတန်ကြာတဲ့အခါ သင် သတိမထားမိလိုက်ချိန်မှာပဲ အဝလွန်ခြင်းရောဂါကို ခံစားနေရပြီပဲဖြစ်ပါတယ်။။

အသုံးပြုတဲ့ဆီကရော ရာခိုင်နှုန်းဘယ်လောက်အထိ သန့်သလဲ

Source: Tasteofhome.com

မိမိအိမ်မှာ ကြော်ချက်ရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဆီကို အသုံးပြုပေမယ့် အပြင်စာတွေ ဝယ်စားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဆီကို သုံးထားရဲ့လား။ ဒါမှမဟုတ် အကြော်ခံဆီကို သုံးထားသလားဆိုတာကို မသိနိုင်ပါဘူး။

ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ဆီတွေ အသုံးပြုပြီး ကြော်ထားတဲ့ ဆီကြော်မုန့်တွေကတော့ နှလုံးရောဂါ ဖြစ်ပွားခြင်းရဲ့ အဓိကအရင်းအမြစ်ပါပဲ။

ကင်ဆာရောဂါကို လက်ယပ်ခေါ်နေခြင်း

Source: Express.co.uk

အစားအစာများကို ဆီများများဖြင့် ကြိမ်ဖန်များစွာကြော်တဲ့အခါ ထိုအစားအစာရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း တစ်ပါတည်း ဆုံးရှုံးသွားပြီပဲဖြစ်ပါတယ်။ ဆီများများဖြင့် ကြော်လိုက်တဲ့အချိန်မှာ ကာဗွန်အခြေခံတဲ့ သတ္တုဓာတ်များ လောင်ကျွမ်းသွားခြင်းကြောင့် အစားအစာက အညိုရောင် ပြောင်းသွားရခြင်းဖြစ်ပါတယ်။

ရလာဒ်အနေနဲ့ ကင်ဆာရောဂါ ဖြစ်ပွားခြင်းနဲ့ ဆက်နွယ်နေတဲ့ Acrylamide ဓာတ်များ ထွက်ပေါ် လာပါတယ်။ ဒါ့ကြောင့် ဆီကြော်စာများကို တစိုက်မတ်မတ် စွဲလမ်းစွာ စားသုံးပါက ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယကင်ဆာ စတဲ့ ကင်ဆာရောဂါများကို ခံစားရတတ်ပါတယ်။

ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းခြင်း

Source: Healthykidneyinc.com

ဆီကြော်စာတွေထဲမှာ ပါဝင်တဲ့ အန္တရာယ်များတဲ့ ဆီတွေကို ကျောက်ကပ်က စစ်ထုတ်ပေးနိုင်ခြင်း မရှိပါဘူး။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်ရဲ့စွမ်းဆောင်ရည် တဖြည်းဖြည်း ကျဆင်းသွားပြီး ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအပြင် မှတ်ဉာဏ်စွမ်းအားကျဆင်းခြင်း၊ ကိုလက်စတော မြင့်မားလာခြင်းကြောင့် နှလုံးရောဂါ ခံစားရခြင်း အစရှိတဲ့ ကျန်းမာရေးဆိုးကျိုးများကိုလည်း ခံစားရနိုင်တာကြောင့် ဆီကြော်မုန့်များကို တတ်နိုင်သမျှ ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

Source: Listovative.com