ပိန်းဥရဲ့ အစွမ်းသတ္တိတွေကတော့ အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါအချို့မှ ကာကွယ်ပေးခြင်း၊ အသားအရေလှပစေခြင်း၊ အမြင်အာရုံ ကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်း၊ ခုခံစွမ်းအားကို တိုးမြင့်ပေးခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ ကြွက်သားများ သန်မာစေခြင်းနှင့် အာရုံကြော အားကောင်းစေခြင်း စတဲ့ မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးအမြောက်အမြားကို ခံစားရရှိမှာပဲဖြစ်ပါတယ်။

ပိန်းဥထဲမှာ ဘာတွေပါဝင်သလဲ

Source: healthline.com

ပိန်းဥထဲမှာ ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်တဲ့ အောဂဲနစ်ဒြပ်ပေါင်းများ၊ သတ္တုဓာတ်များ၊ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒြိုက်ဓာတ်၊ ဗီတာမင် အေ၊ စီ၊ အီး၊ ဗီတာမင် B6၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စရပ်စတဲ့ သတ္တုဓာတ်များအပြင် ပရိုတင်းဓာတ်များလည်း ပါဝင်ပါတယ်။

ပိန်းဥစားသုံးခြင်းက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်သလဲ

အစာအိမ်ကျန်းမာရေး

Source: foodrevolution.org

ပိန်းဥထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က အူလမ်းကြောင်းကို အားဖြည့်ပေးပြီး အစားအစာများကို လျောလျောရှူရှူကြိတ်ချေပေးတာကြောင့် အစာမကြေဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ လေချုပ်ခြင်း၊ ဝမ်းပိတ်ခြင်း၊ ဝမ်းလျှောခြင်း စတဲ့ အစာအိမ်ပြဿနာများ အားလုံးကိုလည်း ပယ်ရှင်းပေးထားပါသေးတယ်။

ကင်ဆာရောဂါ

Source: oycart.com

အမေရိကန်နိုင်ငံက ကင်ဆာရောဂါတိုက်ဖျက်ရေး သုတေသီတွေရဲ့ လေ့လာချက်များအရ ပိန်းဥထဲမှာပါဝင်တဲ့ Cryptoxanthin ဓာတ်က အဆုတ်ကင်ဆာနဲ့ သွားဖုံးကင်ဆာတို့ မခံစားရအောင် စွမ်းအောင်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

ဆီးချိုရောဂါ

တကယ်လို့ သင့်မှာ ဆီးချိုရောဂါ ခံစားနေရပါက ပိန်းဥလိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို များများစားသုံးပေးသင့်ပါတယ်။ ဒါမှသာ သွေးထဲမှာ ပိုလျှံနေတဲ့ သကြားဓာတ်များကို လျော့ချစေမှာပဲဖြစ်ပါတယ်။

အမြင်အာရုံ

Source: draxe.com

ပိန်းဥထဲမှာ ပါဝင်တဲ့ Antioxidants တွေဖြစ်တဲ့ Beta-Carotene နဲ့ Cryptoxanthin တို့က မျက်စိကြွက်သားများ အားနည်းလာပြီး အမြင်အာရုံဝေဝါးခြင်း၊ မျက်စိတိမ်စွဲခြင်းတို့ မဖြစ်ပေါ်အောင် ကူညီပေးနိုင်ပါတယ်။

အသားအရေ

Source: littleferrarokitchen.com

ဗီတာမင် အေနဲ့ ဗီတာမင် အီးကို မှန်မှန်မှီဝဲတဲ့အပြင် ပိန်းဥကိုပါ ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ အပြစ်အနာအဆာမရှိတဲ့ အသားအရေကို ပိုင်ဆိုင်ရရှိမှာပဲဖြစ်ပါတယ်။ ထိုဗီတာမင်များက ထိခိုက်ဒဏ်ရာနဲ့ အနာတရများ ကြုံတွေ့နေရပါက အလျင်အမြန်ပျောက်ကင်းသက်သာစေပြီး အသားဆဲလ်သစ်များ အသစ်ပြန်လည်ဖြစ်ပေါ်စေပြီး အသားအရေရဲ့ မူလအခြေအနေကို ပြန်လည်ရောက်ရှိအောင် ကူညီပေးပါလိမ့်မယ်။