မနက်ပိုင်းကို စောစောစီးစီးထတဲ့ လူတွေဟာ နောက်ကျပိုင်းမှထတဲ့လူတွေထက် ပိုမိုကျန်းမာကြံ့ခိုင်တဲ့ဘဝကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့်လည်း အိပ်ရာကစောစောထရုံနဲ့ပဲ မလုံလောက်ပါဘူး။ ကျန်းမာရေးသုတေသီတို့ရဲ့ ဖော်ပြချက်များအရ တနေ့တာလုံး ကျန်းမာသွက်လက် နေစေဖို့အတွက် မနက်ခင်းအချိန်မှာ သံပုယိုရည်တစ်ခွက်ကို သောက်သုံးပေးရပါမယ်။

ဒါကြောင့် ဒီလိုမျိုးရိုးရှင်းတဲ့ သံပုယိုရည်တစ်ခွက်ကို သောက်သုံးဖို့အတွက် ဘာလို့ဒီလောက်တောင် တွန်းအားပေးနေရသလဲဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုယ်အလေးချိန်လျော့ကျစေခြင်း

အကယ်၍ သင်ဟာ ကိုယ်အလေးချိန်လျော့ကျဖို့ ကြိုးစားနေသူတွေထဲက တစ်ယောက်အပါအဝင်ဆိုရင်တော့ မနက်ခင်းမှာ သံပုယိုရည်သောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

သံပုယိုရည်နဲ့ရေနွေးနွေးလေးရောသောက်ပေးခြင်းက စားသုံးလိုက်တဲ့ ကယ်လိုရီတွေထက် ပိုပြီးတော့ကိုလောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်လျော့ချရာမှာ အလွန်ထိရောက်ပါတယ်။

၂။ Antioxidant တွေမြှင့်တင်ပေးခြင်း

သံပုယိုသီးတွေက ဗီတာမင်စီပါဝင်နှုန်းအလွန်မြင့်မားလို့ မနက်ခင်းမှာ သံပုယိုရည်တစ်ခွက်သောက်သုံးပေးခြင်းက အသားအရေကျန်းမာရေး၊ ကိုယ်ခံအားတို့ကို တိုးမြှင့်ပေးပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း၊ နှလုံးဆိုရင်ရောဂါများ၊ ကင်ဆာရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

၃။ အသည်းကျောက်တည်မှုဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း

မနက်ခင်းမှာ သံပုယိုရည်တစ်ခွက်သောက်ပေးခြင်းက အသည်းတွင်ကျောက်တည်မှုကို လျော့ကျရန်ကူညီပေးပါတယ်။ သံပုယိုရည်မှာပါဝင်တဲ့ အချဉ်ဓာတ်အက်စစ်က ဆီးအတွင်းက Calcified Deposits တွေကို ဖယ်ရှားပေးလို့ ကျောက်တည်မှုဖြစ်ပေါ်တာကို ပျောက်ကင်းစေတာပါ။

၄။ အစာခြေဖျက်မှုအားကောင်းစေခြင်း

သံပုယိုရည်တစ်ခွက်က အစာခြေဖျက်မှုနှင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သည်းခြေရည်ကို အသည်းမှထုတ်လုပ်ရန် အားပေးသည့်အပြင် ရင်ပူခြင်း၊ ဖောရောင်ခြင်း၊ လေတက်ခြင်းတို့ကို သက်သာစေပါတယ်။

၅။ တက်ကြွလန်းဆန်းစေခြင်း

မနက်ခင်းအချိန်မှာ သံပုယိုရည်တစ်ခွက်သောက်ပေးခြင်းက တနေ့တာလုံးလန်းဆန်းတက်ကြွနေစေဖို့ ကူညီပေးပါတယ်။ သူ့ရဲ့သင်းပျံ့တဲ့ရနံ့ကလည်း လူကိုလန်းဆန်းစေကာ စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။