တစ်နေ့တာလုံးအတွက် မနက်စာက အရေးကြီးပါတယ်။ မနက်စာကို အာဟာရပြည့်ဝတာ စားပေးရပါတယ်။ ဒီလိုအာဟာရပြည့်ဝတာစားပြီး တစ်နေ့တာလုံးလန်းဆန်းစေဖို့ မနက်ပိုင်းမှာ နောက်ထပ် တွဲဖက်စားသောက်ပေးသင့်တဲ့ မနက်စာ ၅ မျိုးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

မနက်စာကို အာဟာရပြည့်ဝတာတစ်ခုခုစားပြီး ကော်ဖီသောက်တဲ့အခါမှာ ကော်ဖီထဲကို ဆားနည်းနည်းထည့်သောက်ပါ။

အာဟာရပြည့်ဝပြီး အားရှိချင်ရင်တော့ ကော်ဖီထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သောက်နိုင်ပါတယ်။ ညှီတာမကြိုက်တဲ့သူအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

မနက်စာစားပြီး တစ်ခုခုသောက်တဲ့အခါမှာ black tea တို့၊ hot chocolate တို့သောက်မယ်ဆိုရင် cinnamon နည်းနည်းထည့်သောက်ပေးပါ။ တစ်နေ့တာလုံးအတွက် လန်းဆန်းစေပြီး energy levels လည်း balanced ဖြစ်စေပါတယ်။

သံပုယိုရည်၊ သံပုရာရည်ကိုလည်း မနက်ပိုင်းမှာ တစ်ခွက်သောက်ပေးရင် လန်းဆန်းစေတယ်။ အသားအရေကောင်းစေတယ်။ ဝိတ်ကျစေတယ်။ ဗီတာမင်စီပါလို့ ကိုယ်ခံအားစနစ်ကောင်းစေပါတယ်။ ဒါပေမယ့် ဘာမှမစားရသေးပဲတော့ မသောက်ပါနဲ့။ အစာအိမ်ထိနိုင်ပါတယ်။

Oatmeal နဲ့ နွားနို့ကို တွဲဖက်စားပေးရင် fiber နဲ့ protein ဓာတ်ပြည့်ဝစေပြီး အာဟာရဖြစ်စေပါတယ်။

Source: www.brightside.me