ဗီတာမင်စီဓာတ် ကြွယ်ဝတဲ့ သစ်သီးလေးတွေက ပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ လိမ္မော်သီး၊ သံပုယိုသီး၊ သံပုရာသီးနဲ့ ရှောက်သီးမျိုးနွယ်ဝင်သစ်သီးလေးတွေ စားသုံးခြင်းကြောင့် သင့်ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ရရှိမှာဖြစ်ပြီး ရောဂါအန္တရာယ်များကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ထိုသစ်သီးများကို စားသုံးခြင်းကြောင့် ခံစားရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန် မြန်မြန်ကျစေခြင်း

ကိုယ်အလေးချိန်ကို လျော့ချဖို့ ဘာတွေ သောက်ရမလဲ

ဝိတ်ကျချင်တဲ့သူတွေ သံပုရာရည်သောက်သုံးလေ့ရှိကြပါတယ်။ အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးများက ကယ်လိုရီဓာတ်နည်းပါးတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အကောင်းဆုံးအစားအစာပဲဖြစ်ပါတယ်။ လိမ္မော်သီးတစ်လုံးမှာဆိုရင် ၆၂ ကယ်လိုရီပါဝင်ပြီး Grapefruit သီးမှာဆိုရင် ၃၉ ကယ်လိုရီပါဝင်ပါတယ်။

ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း

မြောက်မြားစွာသော သုတေသနလေ့လာချက်တွေအရ အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးများစားသုံးခြင်းက အစာအိမ်ကင်ဆာ၊ အစာပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ မခံစားရအောင် ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အချို့လေ့လာချက်တွေကတော့ Grapefruit သီးဖျော်ရည် နေ့တိုင်းသောက်သုံးခြင်းက အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည် မြင့်မာလာခြင်း

အချဉ်ဓာတ်ကြွယ်ဝတဲ့သစ်သီးများထဲမှာ Antioxidants လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ထို Antioxidants က ဦးနှောက်ရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး မှတ်ဉာဏ်အားမြင့်မားစေပြီး အယ်လ်ဇိုင်းမားရောဂါ မခံစားရအောင်လည်း ကာကွယ်ပေးပါတယ်။

နေမကောင်းဖြစ်တဲ့အခါမှာလည်း အမြန်ပျောက်ကင်းသက်သာစေခြင်း

တုပ်ကွေးကို ကာကွယ်နိုင်တဲ့ အစားအစာများ

လေ့လာချက်တွေအရ ထိုသစ်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က အအေးမိဖျားနာခြင်းကို အချိန်အကြာကြီး မခံစားရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အအေးမိဖျားနာနေချိန်မှာ ထိုသစ်သီးများကို စားသုံးပေးလိုက်ပါ။ အဖျားဝေဒနာတွေ တစ်ရက်ထက်ပိုပြီး စောစောပျောက်ကင်းသွားပါလိမ့်မယ်။

အသားအရေကို အမြဲတမ်းနုနယ်ပျိုမျစ်နေစေခြင်း

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းက သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေသလို အသားအရေအလှအပအတွက်လည်း ကောင်းကျိုးပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ သစ်သီးများ စားသုံးခြင်းက Collagen ပမာဏကို မြှင့်မားစေပြီး သင့်ကို အမြဲတမ်း ငယ်ရွယ်နုပျိုစေမှာပဲဖြစ်ပါတယ်။

Source: care2.com