ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးဖို့ လိုအပ်သလို အိပ်ရေးဝစွာ အိပ်စက်အနားယူဖို့လည်း လိုအပ်ပါတယ်။ တစ်နေ့တာလုံး သွားလာလှုပ်ရှား၊ အလုပ်လုပ်နေရတဲ့အတွက်ကြောင့် ညဘက်မှာ ဦးနှောက်ကို အနားပေးဖို့လိုပါတယ်။

သင့်အနေနဲ့ လုံလောက်တဲ့ အိပ်စက်အနားယူမှု မရှိဘူးဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ နှစ်ခြိုက်စွာ အိပ်စက်အနားယူချင်ပေမယ့် ကြက်အိပ် ကြက်နိုးနဲ့ လန့်နိုးလာတတ်တယ်၊ ဒါမှမဟုတ် တော်တော်နဲ့ အိပ်မောမကျဘူးဆိုရင်တော့ နည်းလမ်းကောင်း လေးတစ်ခုရှိပါတယ်။

ထိုနည်းလမ်းကောင်းကတော့ အိပ်စက်ဖို့အတွက် အကူအညီပေးနိုင်တဲ့ ဖျော်ရည်များကို ညအိပ်ယာမဝင်ခင် သောက်သုံးပေးဖို့ပါပဲ။

နွားနို့ နွေးနွေးလေးသောက်ပါ

နွားနို့ နွေးနွေးလေး သောက်အိပ်လိုက်တဲ့အခါ ဦးနှောက်ထဲတွင် စိတ်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ Serotonin ဟော်မုန်းများကို လွှတ်ထုတ်ပေးတဲ့အတွက်ကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေမှာပါ။

ပက်ပါမင့်လက်ဖက်ရည် သောက်သုံးပါ

ပက်ပါမင့်လက်ဖက်ရည်က အစာအိမ်နာခြင်း၊ ကြွက်သားများ တောင့်တင်းနေခြင်းကို ဖြေလျော့စေပြီး ခန္ဓာကိုယ်ကို အကြောအချဉ်ပြေစေကာ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။

ချယ်ရီဖျော်ရည် သောက်သုံးပါ

ချယ်ရီဖျော်ရည်ကတော့ အိပ်မပျော်ရောဂါကို ကုသပေးနိုတယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ချယ်ရီဖျော်ရည်ကလည်း နွားနို့လိုပဲ အစွမ်းထက်ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

အုန်းနို့သောက်ပါ

အုန်းနို့ထဲမှာ တောင့်တင်းနေတဲ့ ကြွက်သားများကို ပြေလျော့စေပြီး နှစ်ခြိုက်စွာအနားယူနိုင်ဖို့အတွက် ကူညီပေးတဲ့ မဂ္ဂနီစီယမ်နှင့် ပိုတက်စီယမ် သတ္တုဓာတ်နှစ်မျိုးပါတယ်။ ဒါ့အပြင် အုန်းနို့က သွေးပေါင်ချိန်ကို လျော့ချပေးပြီး ကျောက်ကပ်များ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

အယ်လ်မွန်နို့နဲ့ ရောဖျော်ထားတဲ့ ငှက်ပျောသီး Smoothie

ထို Smoothie ထဲမှာ အမျှင်ဓာတ်များ၊ ကာဘိုဟိုက်ဒြိုက်နှင့် Tryptophan တို့ ပါဝင်တဲ့အတွက်ကြောင့် အားကစားလိုက်စားသူများအနေနဲ့ သောက်သုံးပေးမယ်ဆိုရင် အားကစားစွမ်းဆောင်ရည် မြှင့်မားလာမှာဖြစ်ပြီး ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာပဲဖြစ်ပါတယ်။

Source : Brightside.me