စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ရန်အတွက် အသား၊ ငါးများ၊ သစ်သီးဝလံများ၊ ပဲအမျိုးမျိုးနှင့် အစေ့အဆံများ စားသုံးပေးသင့်တယ်လို့ အာဟာရပညာရှင်များက အကြံပေးထားပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက်တော့ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝသော အစားအစာများ၊ ဗီတာမင်ဘီနဲ့ Antioxidants တို့ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများ စားသုံးပေးသင့်ပါတယ်။

စာဖတ်သူတို့အနေနဲ့ မှတ်ဉာဏ်စွမ်းအား တိုးမြှင့်စေပြီး အာရုံစူးစိုက်မှု ကောင်းမွန်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာ (၅) မျိုးကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစတဲ့ ဟင်းရွက်များက ဦးနှောက်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် ကေ၊ Lutein ၊ ဖောလိတ်နှင့် Beta Carotenen ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဟင်းသီးဟင်းရွက်များကို မှန်မှန်စားသုံးပေးခြင်းက မှတ်ဉာဏ်အား ကျဆင်းမှုကို ကာကွယ်ပေးတယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ငါးများ

ဖက်တိအက်ဆစ်ဓာတ်ကြွယ်ဝသော ငါးများ စားသုံးခြင်းက အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်များအရ သိရှိရပါတယ်။ ဒါ့ကြောင့် ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး စတဲ့ ငါးများကို အနည်းဆုံး တစ်ပတ် နှစ်ကြိမ်ခန့် စားသုံးပေးသင့်ပါတယ်။ ငါးမှ ရရှိတဲ့ ငါးကြီးဆီ ဖြည့်စွက်စာများကို စားသုံးနိုင်သလို ထောပတ်သီး၊ သစ်ကြားသီး စတဲ့ သစ်သီးများကိုလည်း စားသုံးပေးနိုင်ပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေမှာ ပါဝင်တဲ့ Flavonoids များက မှတ်ဉာဏ်စွမ်းအား တိုးမြှင့်စေတယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ထားတဲ့ လေ့လာချက်များအရ စတော်ဘယ်ရီသီးများ၊ ဘလူးဘယ်ရီသီးများကို တစ်ပတ်တစ်ကြိမ်ခန့် မှန်မှတ်စားသုံးပေးခြင်းက မှတ်ဉာဏ်စွမ်းအားကျဆင်းမှုကို ၂ နှစ်ခွဲခန့် နှောင့်နှေးစေတယ်လို့ သိရှိရပါတယ်။

လက်ဖက်ရည်နှင့် ကော်ဖီ

ကဖိန္းဓာတ္ပါ၀င္မႈမ်ားတဲ့ အစားအစာမ်ား

မနက်ခင်းလေးမှာ ကော်ဖီ (သို့) လက်ဖက်ရည် သောက်သုံးပေးခြင်းက အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ကော်ဖီနဲ့ လက်ဖက်ရည်တွေက အချိန်တိုမှတ်ဉာဏ်အတွက်သာ အသုံးတည့်ပြီး ရေရှည်မှတ်ဉာဏ်အတွက်တော့ အစွမ်းထက်မှာမဟုတ်ပါဘူး။

သစ်ကြားသီးနှင့် အခြားအစေ့အဆံများ

သစ်ကြားသီးနဲ့ အခြားအစေ့အဆံများက ပရိုတင်းဓာတ်နဲ့ သဘာဝအဆီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးပါက ဦးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး မှတ်ဉာဏ်တိုးစေပါတယ်။

Source: Health.harvard.edu