ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးဖို့ဆိုတာကတော့ ရာနှုန်းပြည့် မဖြစ်နိုင်ပါဘူး။ ဒီအစားအစာလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်တန်ကောင်းပါရဲ့လို့ ယူဆပြီး စားမိလိုက်တဲ့အခိုက်အတန့်မျိုးလည်း ရှိသလို မိမိစိတ်အလိုလိုက်ပြီး စိတ်ကြိုက်စားသုံးမိချိန်တွေလည်း ရှိနိုင်ပါတယ်။

ကိုယ့်စိတ်အလိုလိုက်ပြီး စားသုံးတာကတော့ ပြဿနာအကြီးကြီးတစ်ခုမဟုတ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်မယ်အမှတ်နဲ့ စားသုံးမိတဲ့အစားအစာတွေကတော့ ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းပါဘူး။

ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွှတ်ချင်ယောင်ဆောင်တဲ့ အစားအစာများနဲ့ အမှန်တကယ် ကျန်းမာစေတဲ့ အစားအစာများကို ဘယ်လိုခွဲခြားမလဲ။

ငှက်ပျောကြော်

ငှက်ပျောကြော်ထဲမှာလည်း ငှက်ပျောသီးလိုပဲ အမျှင်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်ဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့လည်း အသင့်စား ငှက်ပျောကြော်ဖြစ်တဲ့အလျောက် ပိုစားကောင်းအောင်လို့ သကြားနည်းနည်း၊ ဆီများများဖြင့် ကြော်ထားတဲ့ဖြစ်ပါတယ်။ ရေရှည်မှာတော့ စားသုံးဖို့ မသင့်တော်ပါဘူး။

တကယ်လို့ ငှက်ပျောကြော်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ ကြော်စားလိုက်ပါ။

သစ်သီးခြောက်များ

သဘာဝသစ်သီးခြောက်များက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို မှိုမတက်စေဘဲ ကြာရှည်ခံဖို့အတွက် အရောင်လှဖို့အတွက် ဆာလဖာဒိုင်အောက်ဆိုဒ်ကို အသုံးပြုထားကြပါတယ်။ ဒါ့အပြင် ဆေးသကြား ပါဝင်မှုများတဲ့အတွက်ကြောင့် ဆီးချိုရောဂါ ခံစားရနိုင်ပါတယ်။

ဒိန်ချဉ်

သစ်သီးဒိန်ချဉ်များမှာ ဆေးသကြား ပါဝင်မှု မြင့်မားတဲ့အတွက်ကြောင့် ရိုးရိုးဒိန်ချဉ်ထဲကိုသာ သစ်သီးများ ထည့်သွင်းကာ စားသောက်ပေးပါ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးခြောက်ကို စားချင်တယ်ဆိုရင်တော့ မိမိအိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လုပ်စားနိုင်ပါတယ်။

စည်သွပ်ဘူး ဟင်းသီးဟင်းရွက်များ

စည်သွပ်ဘူးထဲတွင် ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစားများတွင် ဓာတုပစ္စည်းများ အသုံးပြုထားတဲ့အတွက်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများအစား အမှန်တကယ် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုသာ ရွေးချယ် စားသုံးပါ။

ကစီဓာတ် များပြားစွာပါဝင်သော ဟင်းသီးဟင်းရွက်များ

ပြောင်းဖူး၊ အာလူး၊ ရွှေဖရုံသီး၊ မျောက်ဥစတဲ့ အစားအစာများမှာ ပရိုတင်းဓာတ် များပြားစွာပါဝင်တဲ့အတွက်ကြောင့် ညနေ ၆ နာရီနောက်ပိုင်း စားသုံးရန် မသင့်တော်ပါဘူး။

Source: Brightside.me