ပင်လယ်ကမ်းခြေဘက် အလည်ထွက်တဲ့အခါ လူတော်တော်များများက အုန်းရည် သောက်သုံးလေ့ရှိကြပါတယ်။ အုန်းရည်က အရသာရှိတဲ့အပြင် သောက်သုံးလိုက်တဲ့အခါ လန်းဆန်းမှုကို ခံစားရရှိနိုင်ပါတယ်။ ဒါ့အပြင် အုန်းရည်ထဲမှာ အာဟာရဓာတ်များ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။

အုန်းရည်ထဲတွင်ပါဝင်သော အာဟာရဓာတ်များ

Source: bbcgoodfood.com

အုန်းရည် တစ်ဖန်ခွက် (၂၄၀ မီလီမီတာ)တွင် ၄၆ ကယ်လိုရီသာ ပါဝင်ပါတယ်။ ကာဘိုဟိုက်ဒြိုက်ဓာတ် ၉  ဂရမ်၊ အမျှင်ဓာတ် ၃ ဂရမ်၊ ပရိုတင်းဓာတ် ၂ ဂရမ်၊ ဗီတာမင်စီ၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် အုန်းရည်ထဲမှာ ရေဓာတ် ၉၄ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးမှာပဲဖြစ်ပါတယ်။

ဆီးချိုရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်ခြင်း

Source: Healthline.com

သုတေသနလေ့လာချက်များအရ ဆီးချိုသမားများအနေနဲ့ အုန်းရည်ကို သောက်သုံးမယ်ဆိုပါက သွေးတွင်းသကြားဓာတ်များ လျော့နည်းသွားမှာပဲဖြစ်ပါတယ်။ အင်ဆူလင် ခံနိုင်ရည်အားကို မြှင့်တက်ပေးမယ့် မဂ္ဂနီစီယမ်ဓာတ်ပါဝင်တာကြောင့် ဆီးချိုရောဂါခံစားနေရတဲ့သူတွေသာမက ဆီးချိုရောဂါ မခံစားရသေးသူများလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။

နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

Source: cocoveda.net

ကြွက်များကို လေ့လာစမ်းသပ်ပြီးတဲ့နောက် တွေ့ရှိလိုက်ရတဲ့အချက်ကတော့ အုန်းရည်သောက်တဲ့ ကြွက်များက သွေးတွင်းကိုလက်စတောဓာတ်နဲ့ Triglycerides ဓာတ်များ လျော့ကျသွားခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးခြင်းလည်း သိသိသာသာလျော့ကျသွားတာကို တွေ့မြင်လိုက်ရပါတယ်။

သို့ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံသောက်သုံးခြင်းက မကောင်းပါဘူး။ လူသားတစ်ယောက်အနေနဲ့ တစ်နေ့ကို အုန်းရည် ၂ လီတာခန့်ပဲ သောက်သုံးသင့်ပါတယ်။

သွေးပေါင်ချိန်ကို လျော့ကျစေခြင်း

Source:

သွေးပေါင်ချိန်ကို ထိန်းညှိရာမှာ အုန်းရည်က အကောင်းမွန်ဆုံးပျော်ရည်တစ်ခုပဲဖြစ်ပါတယ်။ အုန်းရည် ၂၄၀ မီလီလီတာမှာ ပိုတက်စီယမ်ဓာတ် ၆၀၀ မီလီဂရမ် ပါဝင်ပါတယ်။ သွေးပေါင်ချိန်တက်နေတဲ့အခါ သွေးပေါင်ချိန် ပုံမှန်ပြန်ဖြစ်သွားဖို့အတွက် ပိုတက်စီယမ်ဓာတ်က စွမ်းဆောင်ပေးရတာပါ။ ဒါ့အပြင် အုန်းရည်က ခန္ဓာကိုယ်တွင်း သွေးခဲခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ပြင်းထန်သော လေ့ကျင့်ခန်းများပြုလုပ်ပြီးသွားတဲ့အခါ သောက်သုံးသင့်

Source: thehealthsite.com

ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးသွားတဲ့အခါ သင့် ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတတ်ပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပြီး ပြန်လည်လန်းဆန်းသွားဖို့အတွက် အုန်းရည် သောက်လိုက်ပါ။