မိန်းကလေးတိုင်းလိုချင်တဲ့ Glowing Skin အသားအရေ ကြည်ကြည်လေးရစေမယ့် ဖျော်ရည် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာဖျော်ရည်ကို များများလေးသောက်ပေးရင်တော့ အသားအရေလေး ပိုလှလာမှာပေါ့။

ရှားစောင်းလက်ပတ်ဖျော်ရည်

ရှားစောင်းလက်ပတ်ဖျော်ရည်က ရင်အေးပြီး အသားအရေလှစေတယ်။ Glowing Skin ကိုလည်း ရရှိစေပါတယ်။

Almond Tea

Almond Tea က အသားအရေကြည်လင်ပြီး Glow ဖြစ်စေတယ်။ ဆံသားလည်း ပိုကောင်းလာစေပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖျော်ရည်

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို အိမ်မှာ Blender နဲ့ကြိတ်ပြီး သောက်ပါ။ အသားအရေအရမ်းလှပြီး Glow ဖြစ်လာစေပါတယ်။

နနွင်းလက်ဖက်ရည်

နနွင်းလက်ဖက်ရည်ကတော့ အသားအရေလည်းလှပြီး ကျန်းမာရေးလည်း ပိုကောင်းစေပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီးဖျော်ရည်ကလည်း အသားအရေကြည်ပြီး Glowing Skin ဖြစ်လာစေပါတယ်။

Source: www.amaiaa.com