အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားလေးအတိုင်းပဲ အစားအစာတွေကို သင့်တင့်မျှတစွာ စားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထက် အလွန်အကျွံစားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်ဆိုတဲ့အစားအစာတောင်မှ ဘေးဖြစ်စေတဲ့ အစားအစာအဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပေမယ့် အလွန်အကျွံမစားသုံးသင့်တဲ့ အစားအစာများပဲဖြစ်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ Beta-Carotene ဓာတ်များပါဝင်ပြီး မုန်လာဥနီ စားသုံးလိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က ထိုဓာတ်ကို ဗီတာမင်အေအဖြစ်သို့ ပြောင်းလဲပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေဓာတ်များ ပိုလျှံသွားတယ်ဆိုတာတော့ မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သင့်ခန္ဓာကိုယ်က ဗီတာမင်အေ ဘယ်လောက်လိုအပ်သလဲ။ ထိုလိုအပ်တဲ့ ပမာဏအတိုင်း Beta-Carotene ဓာတ်များကို ပြောင်းလဲပေးလို့ပါပဲ။ သူလိုအပ်တဲ့ ဗီတာမင်အေဓာတ်များ ရရှိသွားတဲ့အခါမှာတော့ ပြောင်းလဲပေးခြင်းဖြစ်စဉ်ကို ရပ်တန့်ပစ်လိုက်ပါတယ်။

ဒါဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ Beta-Carotene ဓာတ်များ ပိုလျှံနေပါလိမ့်မယ်။ ထိုအခါ Carotenemia လို့ခေါ်တဲ့ အသားအရေ အဝါရောင်ပြောင်းသွားခြင်း ရောဂါကို ခံစားရနိုင်ပါတယ်။ ထိုရောဂါက အသက်အန္တရာယ်တော့ မဖြစ်စေပါဘူး။

ရေ အလွန်အကျွံသောက်သုံးခြင်း

သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထက် အလွန်အကျွံရေသောက်သုံးမိမယ်ဆိုရင် ဦးနှောက်ထဲမှာ ရေတွေ စုပုံနေပြီး ဦးနှောက်ရောင်ရမ်းလာကာ ဦးခေါင်းခွံက ကျုံ့နိုင်ဆန့်နိုင်တဲ့ဂုဏ်သတ္တိမရှိတဲ့အတွက်ကြောင့် ဦးခေါင်းတစ်ခုလုံးတင်းကျပ်နေသလို ခံစားရပါလိမ့်မယ်။ ထိုအခြေအနေကိုတော့ အားကစားသမားတွေမှာ အတွေ့များရတတ်ပါတယ်။

ထောပတ်သီး အလွန်အကျွံစားတဲ့အခါ

ထောပတ်သီးမှာ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် LDL လို့ခေါ်တဲ့ မကောင်းတဲ့ကိုလက်စတောများကို ဖယ်ရှားပေးကာ ပိုလျှံနေတဲ့အဆီပိုများကိုလည်း ဖယ်ရှားပေးပါတယ်။ ထောပတ်သီးတစ်လုံးမှာ ကယ်လိုရီ ၂၄၀ ပါဝင်ပါတယ်။ ထိုကယ်လိုရီဓာတ်က လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့ကယ်လိုရီဓာတ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ များပြားတဲ့ကယ်လိုရီပမာဏကို ချေဖျက်ပေးရတဲ့အခါမှာတော့ သွေးကြောပိတ်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီးစားမယ်ဆိုရင် တစ်နေ့တစ်လုံးထက် ပိုမစားသင့်ပါဘူး။

ပင်လယ်ရေညှိ

ပင်လယ်ရေညှိမှာ ဗီတာမင် B12 ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး သတ်သပ်လွတ်သမားများအတွက် အသားအစားထိုး စားသုံးနိုင်တဲ့ ဟင်းရွက်တစ်မျိုးပဲဖြစ်ပါတယ်။ အိုင်အိုဒင်းနဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက်ကြောင့်လည်း ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးပါတယ်။ ဒါပေမဲ့ အိုင်အိုဒင်းပမာဏ များပြားသွားတဲ့အခါမှာတော့ သိုင်းရွိုက်အကျိတ်ရောဂါကို ခံစားရနိုင်သလို ကိုယ်အလေးချိန်တောင် တက်စေနိုင်ပါတယ်။

ပဲနို့နှင့် ပဲနို့ထုတ်ကုန်များ

ပဲနို့တွေမှာ ဗီတာမင်ဘီ၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နှင့် ပရိုတင်းဓာတ်များ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် စူပါအစားအစာလို့တောင် တင်စားခေါ်ဝေါ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာ သိုင်းရွိုက်အကျိတ်ရှိတယ်ဆိုရင်တော့ ပဲနို့နှင့် ပဲနို့ဆက်စပ်ထုတ်ကုန်အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

Source : Brightside.me