အစားအစာတွေ ချက်ပြုတ်ကြော်လှော်တဲ့အခါ အစပ်အရသာကဲအောင် ချက်ပြုတ်လေ့ရှိပါသလား။ အပြင်မှာထွက်စားတဲ့အခါမှာလည်း ရှုးရှုးရှဲရှဲ စပ်စပ်လေးတွေပဲ မှာစားလေ့ရှိတာလား။ ဒါဆိုရင်တော့ သင့်အတွက် ဂုဏ်ယူပါတယ်။ သင်က အခုဖော်ပြပေးမယ့် အကျိုးထူး အကျိုးကျေးဇူးများကို ခံစားရရှိနေတာမို့လို့ပဲဖြစ်ပါတယ်။

ကယ်လိုရီများ လောင်ကျွမ်းပေးပြီး ကိုယ်အလေးချိန် ကျစေခြင်း

Source: Shutterstock

အစပ် စားနေတဲ့အချိန်မှာ ချွေးထွက်ရခြင်းက အကြောင်းမဲ့သပ်သပ် ချွေးထွက်ရခြင်းမဟုတ်ပါဘူး။ New York Times ရဲ့ လေ့လာတွေ့ရှိချက်အရ အစပ်စားခြင်းက ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီများကို ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်စွာ လောင်ကျွမ်းပေးပါတယ်။ ဒီလို ချွေးထွက်ရခြင်းက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး ဝိတ်ကျစေမှာပဲဖြစ်ပါတယ်။

နှလုံးရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

Source: stjhs.org

မြောက်မြားစွာသော လေ့လာတွေ့ရှိချက်တွေအရ အစပ်စားသုံးတဲ့သူတွေက အစပ်မစားတဲ့သူတွေထက် နှလုံးရောဂါ ခံစားရနိုင်ချေ ရာခိုင်နှုန်း အတော်နည်းပါတယ်။ ငရုတ်သီးအစပ်တွေ စားသုံးခြင်းက ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ ကိုယ်လက်စတောများကို ဖယ်ရှားပေးနိုင်စွမ်းရှိတာကြောင့် နှလုံးရောဂါ မခံစားရတာပဲဖြစ်ပါတယ်။

သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ခြင်း

Source: medicalnewstoday.com

လူပေါင်း ၅၀၀ ၀၀၀ ကျော်ကို လေ့လာထားတဲ့ တရုတ်နိုင်ငံရဲ့ လေ့လာချက်အရ အစပ်နေ့တိုင်း စားသုံးတဲ့သူတွေက စောစီးစွာ သေဆုံးနိုင်ခြေကို ၁၄ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ သိရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေထိုင်ချင်တယ်ဆိုရင်တော့ အစပ် နေ့တိုင်းစားပေးလိုက်ပါ။

အာဟာရဓာတ်မြောက်မြားစွာ လက်ခံရရှိနိုင်ခြင်း

Source: msn.com

ငရုတ်သီးထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီအပြင် အသက်ရှင်ဖို့ရန်အတွက် မရှိမဖြစ်အရေးကြီးတဲ့ သတ္တုဓာတ်တွေလည်း ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ် နေ့တိုင်း စားသုံးပေးပါက အာဟာရဓာတ် အမြောက်အမြား ရရှိနိုင်မှာပဲဖြစ်ပါတယ်။

သင့်ကို ပျော်ရွှင်မှု ခံစားရရှိနိုင်အောင် ကူညီပေးခြင်း

Source: discovermagazine.com

အစပ် အစားအစာများကို စားသုံးခြင်းက Serotonin လို့ခေါ်တဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းကို သင့်ဦးနှောက်မှ ထုတ်လွှတ်ပေးပြီး စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဖိစီးခြင်း စတဲ့ မကောင်းတဲ့ခံစားချက်တွေကို အဝေးဆုံးရောက်အောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် စိတ်ခံစားချက် မကောင်းတဲ့အခါ စပ်တဲ့ အစားအစာလေးတွေ များများစားသုံးပေးလိုက်ပါ။