အစာအဆိပ်သင့်ခြင်းဆိုတာက ဘက်တီးရီးယားပိုးမွှားတွေပါတဲ့ အစာစားခြင်း သို့မဟုတ် သောက်သုံးခြင်း သို့မဟုတ် ဘက်တီးရီးယားများပါတဲ့ ညစ်ညမ်းတဲ့ရေကို သောက်ခြင်းတို့ကမှ ဖြစ်ပေါ်လာပြီး အစားအသောက်ကြောင့်ဖြစ်တဲ့ ဖျားနာခြင်းလို့ အများအားဖြင့် သိထားကြပါတယ်။

ဘက်တီးရီးယားပိုးမွှားတွေ စားသုံးမိရင် အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အစာအဆိပ်သင့်ရင် ရောဂါအမျိုးအစားပေါ်မူတည်ပြီး နာရီ၊ ရက် သို့မဟုတ် ရက်သတ္တပတ်များအတွင်း ရောဂါလက္ခဏာများ ပေါ်လာနိုင်ပါတယ်။ ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ဖျားခြင်းတို့ အပါအဝင် ခံစားရတဲ့ဝေဒနာက မသက်မသာဖြစ်စေပြီး အလွန်ကြောက်စရာကောင်းပါတယ်။

ဒီလိုအစာအဆိပ်သင့်တာမျိုးတွေဖြစ်လာခဲ့ရင် အနားယူခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်အကူအညီတွေနဲ့ ဘက်တီးရီးယားများကို ဖယ်ရှားနိုင်ပြီး သက်သာပျောက်ကင်းအောင် ကုသလို့ရပါတယ်။ မီးဖိုချောင်မှာ ရှာရလွယ်ကူတဲ့ ဟင်းချက်ပစ္စည်းတွေနဲ့ အစာအဆိပ်သင့်တာကို ကုသလို့ရပါတယ်။

ဂျင်း

အမျိုးမျိုးသော ရောဂါတွေကို ကုသဖို့အတွက် ဂျင်းကို ရာစုနှစ်များစွာ အသုံးပြုခဲ့ကြပါတယ်။ ဂျင်းက ဇီဝဖြစ်ပျက်မှုကို ကူညီပေးပြီး အာဟာရစုပ်ယူမှုနဲ့ ပေါင်းစပ်မှုကို အားကောင်းစေပါတယ်။ အစာအိမ်နာခြင်းကို လျင်မြန်စွာဖြေရှင်းပေးနိုင်ပြီး ချက်ချင်းသက်သာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ စားရတာ ရိုးရှင်းတဲ့အတွက်ကြောင့် အစားအသောက်ဖျားနာခြင်းတို့အတွက် ထိရောက်တဲ့ ကုသမှုတစ်ခုပါပဲ။ ငှက်ပျောသီးဟာ ပိုတက်စီယမ် နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝတာကြောင့် အစာအဆိပ်သင့် ခြင်းအတွက် ယုံကြည်စိတ်ချရပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆေးကောင်းတစ်လက်ပါပဲ။

ဒိန်ချဉ်

ဒိန်ချဉ်ရဲ့ Antioxidant နဲ့ Antifungal က အစာအဆိပ်သင့်စေတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ပျို့အန်ခြင်း၊ အစာအိမ်နာခြင်းတို့ကို ကုသနိုင်တဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။

နွားနို့အေး

နွားနို့အေးက အစာအိမ်နံရံကို ငြိမ်သက်စေပြီး အစာကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေကို ကုသတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။ အစာခြေလမ်းကြောင်းဆိုင်ရာပြဿနာများကို လျှော့ချပေးပြီး အစာခြေ လမ်းကြောင်းဆိုင်ရာပြဿနာများကို တားဆီးပေးပါတယ်။

ရေဓာတ်

ခန္ဓာကိုယ်က အစားအသောက်ကြောင့်ဖြစ်တဲ့ ရောဂါဆိုးတွေကို တိုက်ဖျက်ဖို့ဆို ရေများများသောက်ဖို့ အရေးကြီးပါတယ်။ ပြင်းထန်တဲ့ဝမ်းလျှောတာကြောင့် ရေဓာတ်ခန်းခြောက်တာကို ရေနည်းနည်းသောက်ပြီး ကုသနိုင်ပါတယ်။