ကိုယ်အလေးချိန် လျော့ချနိုင်ဖို့အတွက်ဆိုရင် လေ့ကျင့်ခန်းများများ ပြုလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအသောက် စားသုံးခြင်းတို့ထက် ပိုကောင်းတဲ့နည်းလမ်း မရှိတော့ပါဘူး။ သင့်အနေနဲ့ ဝိတ် အမြန်ကျချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အိမ်တွင်နည်းလမ်းများကို အသုံးပြုပြီး ဝိတ်ချနိုင်ပါတယ်။

သံပုယိုရည် သောက်ပါ

သံပုယိုရည် သောက်သုံးခြင်းအားဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

မနက်မိုးလင်းတာနဲ့ ရေ တစ်ဖန်ခွက်ထဲသို့ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ သုံးလတိတိ မနက်စာ မစားခင် စားသုံးပေးမယ်ဆိုရင်တော့ သိသာထင်ရှားတဲ့အကျိုးရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

ပန်းသီးရှာလကာရည်

ရေ တစ်ဖန်ခွက်ကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောနှောပြီးနောက် မနက်စောစော အစာ မစားခင်မှာ သောက်သုံးပေးလိုက်ပါ။ ပန်းသီးရှာလကာရည်က ခန္ဓာကိုယ်ထဲရှိ အဆီပိုများကို ဖယ်ရှားပေးပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ပန်းသီးရှာလကာရည်ကို စားပွဲတင်ဇွန်း ၂ ဇွန်းထက် ပိုမသုံးမိပါစေနဲ့ အရိုးသိပ်သည်းဆကို လျော့ကျစေနိုင်လို့ပဲဖြစ်ပါတယ်။

Green Tea

ဝိတ်ချသူများအနေနဲ့ Green Tea ကို ဘာ့ကြောင့် တစိုက်မတ်မတ်သောက်သုံးကြလဲဆိုတာ အကြောင်းပြချက်ကောင်းကောင်းရှိပါတယ်။ သုတေသနလေ့လာချက်များအရ Green Tea မှာ ပါဝင်တဲ့ EGCG (Epigallocatechi-3-gallate) ဓာတ်က အဆီစုပ်ယူမှုကို လျော့ချပေးပြီး ခန္ဓာကိုယ်က အဆီတွေကို စွမ်းအင်အဖြစ် လောင်ကျွမ်းသွားအောင် ကူညီပေးနိုင်တယ်လို့ သိရှိရပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က အသားအရေတစ်ခုတည်းအတွက် ကောင်းကျိုးပေးတာမဟုတ်ပါဘူး။ ဇီဝကမ္မဖြစ်စဉ်ကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ရှိ အဆီအသုံးပြုမှုကို တိုးမြှင့်ပေးကာ သွယ်လျလှပစေဖို့ ကူညီပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းဖြင့် အသာလေး ခြစ်ယူပြီးနောက် သံပုယိုရည်ဖြင့် နေ့စဉ်မှန်မှန်ဖျော်သောက်ပေးပါက ထူးခြားတဲ့အာနိသင်ကို မြင်တွေ့ရပါလိမ့်မယ်။

ငရုတ်သီးတောင့်

ငရုတ်သီးတောင့်ထဲမှာ ပါဝင်တဲ့ Capsaicin ဓာတ်က အဆီများကို လောင်ကျွမ်းစေပြီး အစားစားချင်စိတ်ကို ဖိနှပ်ထားတဲ့တွက်ကြောင့် ကယ်လိုရီပမာဏကို လျော့ချပေးပါလိမ့်မယ်။ အစပ်စားနိုင်သူများအနေနဲ့ ထမင်းစားတဲ့အခါ ငရုတ်သီးတောင့် များများ စားသုံးပေးနိုင်ပါတယ်။

Source: Femina.in