ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက် ခံစားနေရခြင်းက သင့် ဦးနှောက်က “စွမ်းအင်တွေ ထုတ်လုပ်ပေးနိုင်ဖို့အတွက် အစားစားဦး” လို့ သင့်ကို အသိပေးနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အစား အများကြီး စားပြီးသွားတာတောင်မှ ဗိုက်ဆာနေတုန်းပဲဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ကြာလာရင် အဝလွန်ရောဂါနဲ့ အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ခံစားရနိုင်ပါတယ်။

ဒါဆိုရင် သင် ဘာ့ကြောင့် မကြာခဏဗိုက်ဆာတတ်တာလဲဆိုတဲ့ အချက်ကို အဖြေရှာကြည့်လိုက်ရအောင်။

သင်က ကယ်လိုရီများတဲ့ အစားအစာတွေကိုသာ စားသုံးပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မစားလို့ပါပဲ..

အသင့်စားသုံးနိုင်တဲ့ သရေစာတွေထဲမှာ ကယ်လိုရီဓာတ်တွေ အများအပြားပါဝင်ပြီး အာဟာရဓာတ်တော့ လုံးဝမပါဝင်ပါဘူး။ အာဟာရဓာတ်တွေ မရရှိတဲ့အခါမှာတော့ သင့် ဦးနှောက်က သင့်ကို အစားအစားဖို့ တိုက်တွန်းနေပါလိမ့်မယ်။

သင်က စိတ်ဖိစီးမှုများနေလို့ (သို့) စိတ်ဓာတ်ကျနေလို့ပါ

သင် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲရှိ Cortisol ပမာဏက အလွန်မြင့်တက်နေပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့နဲ့ စိတ်ညစ်စရာတွေကို မတွေးမိဖို့အတွက် အစား များများစားပြီး Cortisol ပမာဏကို လျော့ချပစ်ရပါမယ်။ ဒါ့ကြောင့် မကြာခဏ ဗိုက်ဆာပြီး ခဏ ခဏ အစားစားနေမယ်ဆိုရင် ကိုယ်က စိတ်ဓာတ်ကျနေလို့လားဆိုတာကို သတိမူရပါတော့မယ်။

ရေငတ်နေလို့ပါ

ရေငတ်တာကို ဗိုက်ဆာတာလို့ လူတိုင်း လူတိုင်း အထင်မှားတတ်ကြပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် သင့် ဦးနှောက်ရဲ့ အချက်ပေးစနစ်ကလည်း မှားယွင်းသွားတာဖြစ်ပါတယ်။ ဒီလိုကနေ ရေသောက်ရမယ့်အစား ရေခဲသေတ္တာအဖုံးကို ဖွင့်ပြီး စားစရာတွေကို မွှေနှောက်ရှာဖွေပါတော့တယ်။

ရေငတ်တာကို ရေဆာတာလို့ အထင်မမှားဖို့အတွက် တစ်နာရီခြားတစ်ခါ ရေတစ်ခွက်သောက်သုံးပေးရပါမယ်။

သွားရေယိုစရာ အစားအစာဓာတ်ပုံတွေကို ထိုင်ကြည့်နေလို့ပါ

ဖေ့ဘွတ်ခ်သုံးနေရင်းနဲ့ စားစရာပုံတွေ တက်လာလို့ စားချင်စရာကြီးဆိုပြီး ထိုင်ကြည့်နေတတ်တဲ့အကျင့်ကလည်း သင့်ကို ခဏ ခဏ အစား စားချင်လာအောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။

အစား စားတဲ့အခါ အာရုံပျံ့လွှင့်နေခြင်း

ထမင်းလေးစားနေရင်းနဲ့ ကွန်ပျူတာလေး သုံးလိုက်၊ ဖုန်းသုံးလိုက်၊ တီဗွီကြည့်လိုက် ပြုလုပ်နေမယ်ဆိုရင်တော့ ခဏ ခဏ ဗိုက်ဆာနေပါလိမ့်မယ်။ အစား စားနေရင်းနဲ့ အခြားအလုပ်တစ်ခုလုပ်နေတော့ သင် အစား စားနေကြောင်း ဦးနှောက်က မသိတော့ဘဲ မိနစ် ၃၀ လောက်ကြာတာနဲ့ ထပ်စားချင်စိတ်ပေါ်လာပါတော့တယ်။

Source: stylecraze.com