ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးခြင်းလို့ ပြောလိုက်တာနဲ့ အရိုးစွပ်ပြုတ်ဟင်းရည်ကို မျက်စိထဲ တန်းမြင်မိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အရိုးစွပ်ပြုတ်ဟင်းရည်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အာဟာရများ ပေါကြွယ်ဝစွာ ပါဝင်တဲ့အပြင် အိုမင်းရင့်ရော်မှုကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိလည်း ပိုင်ဆိုင်ထားပါ။

ကြက်ရိုးစွပ်ပြုတ်၊ ဝက်ရိုးစွပ်ပြုတ်၊ အမဲရိုးစွပ်ပြုတ် စတဲ့ စွပ်ပြုတ်များ သောက်သုံးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးများကတော့

အရိုးအဆစ်များ နာကျင်မှုကို သက်သာစေခြင်း

အားကစားသမားများ၊ အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနဲ့ အရိုးစွပ်ပြုတ်ကို မှန်မှန်သောက်သုံးပေးပါက အရိုးများ ပြန်လည်ကြံ့ခိုင်သန်မာလာပြီး အရိုးပွရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးတယ်လို့ ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ သိရှိရပါတယ်။

အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

အသားအရေ အလှအပအတွက် ကောလဂျင်က အင်မတန်အရေးကြီးပါတယ်။ ဒါပေမဲ့ သင် အသက်နှစ်ဆယ်ကျော်လာတာနဲ့ ကောလဂျင်ထုတ်လုပ်မှုအရေအတွက်က တစ်ရာခိုင်နှုန်းစီ လျော့နည်းသွားတာပါ။ ဒါ့ကြောင့် အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေချင်တယ်။ အရေးအကြောင်းရန်ကနေ ကာကွယ်ချင်တယ်ဆိုရင် အရိုးစွပ်ပြုတ် သောက်သုံးသင့်ပါတယ်။

နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်အောင် ကူညီပေးခြင်း

အရိုးစွပ်ပြုတ်ထဲမှာပါဝင်တဲ့ Glycine ဓာတ်က အလျင်အမြန် အိပ်မောကျစေနိုင်ပြီး နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်အောင် ကူညီပေးတယ်လို့ လေ့လာချက်အရ သိရှိရပါတယ်။

မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်ပေးခြင်း

Glycine ဓာတ်ရဲ့ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အရိုးစွပ်ပြုတ် ပုံမှန်သောက်သုံးခြင်းကြောင့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

လေ့လာချက်များအရ အရိုးစွပ်ပြုတ် ပုံမှန်သောက်သုံးခြင်းက အဝလွန်ခြင်းကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ထမင်းစားတဲ့အခါ အရိုးစွပ်ပြုတ် သောက်သုံးပါက အချိန်တိုအတွင်း ဗိုက်အမြန်ပြည့်စေပြီး အစား အလွန်အကျွံ စားချင်စိတ်ကိုလည်း တားဆီးပေးပါတယ်။

သင့်အနေနဲ့ အရိုးစွပ်ပြုတ်ကို တစ်ပတ် ဘယ်နှစ်ကြိမ်လောက် လုပ်သောက်ဖြစ်ပါသလဲ။

တကယ်ပဲ အရိုးစွပ်ပြုတ်က အစွမ်းထက်ရဲ့လားဆိုတာကို သိချင်ရင်တော့ ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။

Source: Brightside.me