ဝါးပင်ကနေ ရရှိတဲ့ စားသုံးနိုင်သော တစ်ခုတည်းသောအရကတော့ မျှစ်ပဲဖြစ်ပါတယ်။ မျှစ်ကို အာရှနိုင်ငံတွေမှာ အဓိက အစားများကြပြီးတော့ အဆီပိုနဲ့ ကယ်လိုရီဓာတ်များ လုံးဝမပါဝင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

မျှစ် စားသုံးခြင်းကြောင့် ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ ထိုအကျိုးကျေးဇူးများထဲကမှ အသိသာဆုံး အကျိုးကျေးဇူး (၅) ခုကို ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

Source: Thealternativedaily.com

လေ့လာတွေ့ရှိချက်များအရ မျှစ် စားသုံးခြင်းက အဆီပိုတွေကို သိသိသာသာချေဖျက်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ မျှစ်ထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး အခြားအစားအစာများမှာ ပါဝင်တဲ့ အမျှင်ဓာတ်ထက်စာရင် ထိုအမျှင်ဓာတ်က ဝိတ်ကျဖို့အတွက် ပိုမိုမြန်ဆန်ပြီး ပိုမိုလွယ်ကူပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

မျှစ်ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်က ကင်ဆာရောဂါ ကာကွယ်ပေးရာမှာလည်း အစွမ်းထက်ပါတယ်။ သူ့ထဲမှာပါဝင်တဲ့ Phenolic ဒြပ်ပေါင်းများက ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တာကြောင့် တစ်ခါတလေမှ စားတာထက် မှန်မှန်စားသုံးပေးရင် ပိုမိုအကျိုးရှိပါတယ်။

နှလုံးအားကောင်းအောင် ကူညီပေးခြင်း

Source: Appreciategoods.com

မျှစ်တွေက နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် သူ့ထဲမှာပါဝင်တဲ့ အမျှင်ဓာတ်က ကိုလက်စတောပမာဏ တိုးမြှင့်လာခြင်းမှလည်း ကာကွယ်ပေးတာကြောင့် နှလုံးအားကောင်းအောင် ကူညီထောက်ပံ့ပေးတဲ့ အစားအစာတစ်မျိုးပါပဲ။

အနာကျက် မြန်စေခြင်း

Source: Chinadaily.com.cn

ပွန်းပဲ့ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာများအတွက် မျှစ်ကို အသုံးပြုကြပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဝါးရွက်များက အရေပြားနှင့် ပတ်သက်တဲ့ထိခိုက်ဒဏ်ရာများကို အကျက်မြန်စေတယ်လို့ သိရှိရပါတယ်။

အမျိုးသမီးများအတွက် သဘာဝကပေးအပ်တဲ့ ဆေးစွမ်းကောင်းတစ်လက်

Source: Parentcircle.com

မျှစ်ကို မှန်မှန်စားသုံးပေးခြင်းက ဓမ္မတာ မမှန်ခြင်းကို ကုသပေးနိုင်ပြီး ဓမ္မတာလာတဲ့အခါမှာလည်း ရာသီသွေး အဆင်းများခြင်းမှ ကာကွယ်ပေးကာ ပုံမှန်သွေးဆင်းအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ကလေးမီးဖွားချိန်မှာလည်း နာကျင်မှုဝေဒနာကို ထက်ဝက်ခန့် လျော့ချပေးနိုင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

Source: Stylecraze.com