Cortisol Level (ကော့တစ်ဆို ပမာဏ) ဆိုတာက ခန္တာကိုယ်အတွင်းမှာရှိတဲ့ ဓါတ်တစ်မျိုးပါပဲ။ အဓိကကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ပြီး ကော့တစ်ဆို ပမာဏ မြင့်လာတာနဲ့အမျှ ဗိုက်မှာ အဆီတွေ စုပုံလာပါတယ်။

ဗိုက်မှာအဆီတွေစုလာတာကို ဖြေရှင်းဖို့ အိပ်ထမတင်လုပ်တာ တစ်ခုတည်းနဲ့ မလုံလာက်ပါဘူး။ Cortisol Level (ကော့တစ်ဆို ပမာဏ) ကို လျှော့ချနိုင်ဖို့ နည်းလမ်းကောင်းလေတွေကို မျှဝေလိုက်ပါတယ်။

၁။ ကဖင်းဓါတ်များတဲ့ အစားအစာကို ရှောင်ပါ။

cigarette-butt-main fotolia_4100189_xs

စီးကရက်၊ အားဖြည့် အချိုရည် နဲ့ ကော်ဖီ စတဲ့ Cortisol ပမာဏကို မြင့်စေတဲ့ ကဖင်း (Caffeine) ဓါတ်များတဲ့ အစားအစာကို ရှောင်ပါ။

၂။ Anti-Inflammatory (ရောင်းရမ်းမှုှုကို သက်သာစေတဲ့) ဂုဏ်သတ္တိ  ပါဝင်တဲ့ အစားအစာကို စားပါ။

diabetes-dietes-eating

သွေးတွင်းမှာ သကြားဓါတ်များနေတာဟာ Cortisol (ကော့တစ်ဆို) ပမာဏကို မြင့်တက်စေပြီး ဟော်မုန်းဓါတ်တွေကိုလည်း မညီမျှမှုဖြစ်စေပါတယ်။ ရောင်းရမ်းမှုကို သက်သာစေတဲ့ Anti-Inflammatory ဂုဏ်သတ္တိ ပါဝင်တဲ့ အစားအစာဟာ Antioxidant ပါဝင်မှု မြင့်မားပြီး ဟောမုန်းတွေကို ညီမျှစေမှာဖြစ်သလို ကိုယ်အလေးချိန်လျှော့ချရာမှာလည်းအသုံးဝင်ပါတယ်။
အကောင်းဆုံးအစားအစာတွေကတော့ ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီးတွေဖြစ်ပါတယ်။

၃။ အိပ်စက်ပါ။

sleep

ခန္ဓာကိုယ်အတွင်းက ကော့တစ်ဆိုပမာဏကို ထိန်းထားချင်ရင်တော့ လုံလုံလောက်လောက် အိပ်စက်ဖို့လိုပါတယ်။ အိပ်ရေးမဝတာက ကော့တစ်ဆို ပမာဏကို မြင့်တက်စေပါတယ်။ ဒါ့ကြောင့် စောစော အိပ်ယာဝင်သင့်ပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ပါ။

exercise-outside-woman-stock-today-150427-tease_72497df9c4ab67a1d1a016b22206a5af-today-inline-large

သုတေသနတွေအရ တစ်နေ့ကို နာရီဝက် တစ်နာရီလောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ထားဟာ စိတ်ဖိစီးမှုကို လျှော့ကျစေသလို၊ ဟော်မုန်းဓါတ်ညီမျှဖို့နဲ့ ကောင်းစွာအိပ်စက်ဖို့လည်း အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓါတ်ကိုလည်း ထိန်းညှိပေးပါတယ်။ ( ရောဂကျင့်တာ၊ ပြေးတာ၊ တောင်တက်တာ၊ လက်ဝှေ့ထိုးတာ စတဲ့လေ့ကျင့်ခန်းတွေကို မိမိအဆင်ပြေသလိုလုပ်နိုင်ပါတယ်။)

၅။ စိတ်ဖိစီးမှုကို ဖယ်ရှားပါ။

music-reduce-sadness-hd de-stress-in-france

ကော့တစ်ဆို ပမာဏကို လျှော့ချနိုင်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ စိတ်ဖိစီးမှုကို ဖယ်ရှားဖို့ပါပဲ။ ပန်းခြံထဲမှာ လမ်းလျှောက်ပါ။ အားလပ်ရက်မှာ အပန်းဖြေပါ။

Credit: healthnfood