ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုကောင်းမွန်တယ်ဆိုတဲ့ စကားလေးအတိုင်းပဲ မိမိက ရောဂါဝေဒနာခံစားရမှ ဆေးဝါးများ မှီဝဲခြင်းထက် ရောဂါ မဖြစ်ပွားအောင် ကြိုကြိုတင်တင်နေထိုင်သင့်ပါတယ်။

ဆေးဝါးများ မှီဝဲတဲ့အခါမှာလည်း သဘာဝကပေးအပ်ထားတဲ့ ဆေးဖက်ဝင်အစားအစာများလောက် ကောင်းမွန်တဲ့ဆေးဝါးများ မရှိသေးပါဘူး။ သင့် မီးဖိုချောင်ထဲမှာရှိတဲ့ အစားအစာများကလည်း သင့်ရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေတယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။ ဘယ်လိုအစားအစာတွေက ဆေးဖက်ဝင်ဆေးဝါးအဖြစ် အသုံးတည့်လည်း ဆိုရင်တော့…

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ အအေးမိတုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သူက သွေးတိုးသမားများအတွက် သွေးပေါင်ကျစေနိုင်သလို နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒ့ါအပြင် ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Antioxidants က အယ်လ်ဇိုင်းမားရောဂါနှင့် စိတ်ရူးဖောက်ခြင်းတို့ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ငရုတ်ပွ

ငရုတ်ပွထဲမှာ ပါဝင်တဲ့ သဘာဝဒြပ်ပေါင်းများက အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးပြီး နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။ ဝိတ်ကျချင်သူများအတွက်ကတော့ အဆီများကို သဘာဝအတိုင်းလောင်ကျွမ်းပေးနိုင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားမိရင်တော့ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းကို ခံစားရနိုင်တာကြောင့် အတန်အသင့်လောက်သာ စားသုံးသင့်ပါတယ်။

ဂျင်း

ဂျင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေပါတယ်။ သူက ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အအေးမိဝေဒနာတို့ကို ပျောက်ကင်းသက်သာစေပါသေးတယ်။ မနက်ခင်းတိုင်းမှာ ဂျင်းဖျော်ရည်သောက်သုံးပေးပါက ကိုက်လက်မအီမသာဖြစ်ခြင်း၊ မူးဝေမောပန်းခြင်းတို့ကို သက်သာစေပါတယ်။

နံနံပင်

နံနံပင်ကတော့ သွေးတိုးသမားတွေအတွက် အသင့်တော်ဆုံးဆေးစွမ်းကောင်းတစ်လက်ပါပဲ။ သူ့မှာပါဝင်တဲ့ ဗီတာမင်ကေက အရိုးများ ကျန်းမာကြံ့ခိုင်စေတာကြောင့် အရိုးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။ စွပ်ပြုတ်လုပ်သောက်တဲ့အခါ အနံ့မွှေးဖို့ရန်အတွက် နံနံပင်အခြောက်ကို ထည့်သွင်းသောက်သုံးနိုင်သလို နံနံပင်ရွက်များကိုတော့ အသုပ် သုပ်စားတဲ့အခါ ရောသုပ်ပေးနိုင်ပါတယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက်ကတော့ ခန္ဓာကိုယ်တွင်းရှိ ပျက်စီးနေသော တစ်သျှူးများကို ပြန်လည်ပြုပြင်ပေးပြီး ပြင်ပမှ ရောဂါပိုးမွှားများကို တိုက်ခိုက်ပေးပါတယ်။ ဒါတင်မကသေးပါဘူး ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တာကလည်း သစ်ကြမ်းပိုးခေါက်ပဲဖြစ်ပါတယ်။

Source: Brightside.me