ရုံးပတေသီးက သွေးအတွင်း ကိုလက်စထရော ဓာတ်တွေကိုကျဆင်းစေပြီး၊ အမြင်အာရုံကို ကောင်းစေကာ၊ အစာခြေစနစ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် အသားအရေကို လှပစေပြီး ကင်ဆာကို ကာကွယ်ပေးကာ အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေးကာ သွေးလည်ပတ်မှုကောင်းပြီး သွေးတိုးတာကိုလည်းကာကွယ်ပေးပါတယ်။

Okra

ရုံးပတေသီးက ပန်းပွင့်တဲ့ အပင်အမျိုးအစားထဲက တစ်မျိုးဖြစ်ပြီး ကမ္ဘာအနှံ့က နိုင်ငံတော်တော်များများမှာ ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။

သိပ္ပံနာမည်က Abelmoschus Esculentus ဖြစ်ပြီး တချို့ သုတေသနရလဒ်တွေအရ တောင် အာရှ၊ အနောက် အာဖရိက နဲ့ အီသီယိုးပီးယားတို့မှာ စတင်တွေ့ရှိရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပါဝင်သည့် အဟာရများ

ရုံးပတေသီးမှာ ဗီတာမင်တွေဖြစ်တဲ့ A,B,C,E နဲ့ K တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် သတ္တုဓာတ်များလည်းပါဝင်ပါတယ်။ ကယ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဇီယမ်၊ ပိုတက်ဆီယမ်နဲ့ ဇန့် တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် Mucilaginous အမျှင်ဓာတ်များလည်း အမြောက်အမြားပါဝင်ပါတယ်။

2

အစာခြေစနစ်ကို ကောင်းမွန်စေ

သူ့မှာ အမျှင်ဓာတ်တွေဖြစ်တဲ့ Mucilaginous အမျှင်ဓာတ်တွေအများကြီးပါဝင်တာကြေင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းတောက်လျောက်ကနေ အစာအိမ်ဟောင်းအထိ အစာများကို ကောင်းမွန်စွာ ခြေဖျက်သယ်ယူနိုင်တာကြောင့် ဝမ်းချုပ်တာတို့မှလည်း ကင်းဝေးစေပါတယ်။

အမြင်အာရုံကို အားကောင်းစေ

ရုံးပတေသီးမှာ ဗီတာမင် အေ နဲ့ Antioxidants တွေဖြစ်တဲ့ Beta Carotenes, Xanthein နဲ့ Lutein ဓာတ်တို့ပါဝင်ပါတယ်။ Antioxiants တွေက အမြင်အာရုံကိုကောင်းစေတဲ့ Free Radicals တွေ ပိုအားကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

3

အသားအရေ ကောင်းမွန်စေ

ဗီတာမင် အေ က အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေပြီး၊ အနာကို အလျင်အမြန်ကျက်စေကာ၊ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်တွေ၊ အရေးအကြောင်းတွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။

သွေးဖိအားနဲ့ နှလုံးကျန်းမာရေး

ရုံးပတေသီးမှာ ဗီတာမင်တွေ၊ ပိုတက်ဆီယမ် အပါအဝင် သတ္တုဓာတ်တွေပါဝင်ပါတယ်။ ပိုတက်ဆီယမ်က သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတို့မှာ သွေးစီးဆင်းမှုကို သက်သာစေတာကြောင့် သွေးဖိအားလျော့ပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။

ဒါပေမယ့် ရုံးပတေသီးမှာ Oxalates ဓာတ်တွေအများကြီး ပါဝင်တာကြောင့် ကျောက်ကပ်နဲ့ သည်းခြေအိတ်မှာ ကျောက်တည်နေသူတွေအတွက်တော့ သတိထားသင့်ပါတယ်။ သူက ကျောက်တွေကို ကြီးစေပါတယ်။