သင် စားချင်နေတဲ့ အစားအစာကို ကြည့်ခြင်းအားဖြင့် သင့် ခန္ဓာကိုယ်က ဘာကိုအမှန်တကယ် လိုအပ်နေသလဲဆိုတာကို သိရှိနိုင်တယ်ဆိုတာကို စာဖတ်သူတို့ သိပြီးပါပြီလား။

သင့် ခန္ဓာကိုယ်က ချို့တဲ့နေတဲ့ အာဟာရပမာဏပေါ် မူတည်ပြီး သင် စားချင်တဲ့ အစားအစာများလည်း ပြောင်းလဲသွားပါလိမ့်မယ်။

စပ်သော အစာအစာများ စားချင်နေခြင်း

အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းတို့ကြောင့် သင်က အစပ်ကို စားချင်စိတ်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ အစပ် စားခြင်းက သင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အရိုးအဆစ်နဲ့ ကြွက်သားများ နာကျင်မှုကို သက်သာစေပါတယ်။

ချောကလက်

သင့်အနေနဲ့ အိပ်ချင်သလို ဖြစ်နေမယ် ပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် ချောကလက် စားချင်စိတ် ဖြစ်နေပါလိမ့်မယ်။ ချောကလက် စားလိုက်ခြင်းကြောင့် အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး လန်းလန်းဆန်းဆန်းဖြစ်လာကာ စွမ်းအင်များ ပြည့်ဝလာပါလိမ့်မယ်။

မြေပဲ ထောပတ်

သင်က မြေပဲထောပတ် စားချင်စိတ် ဖြစ်နေတယ်ဆိုတာက သင့်ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်၊ Antioxidants ၊ အဆီ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ်ဓာတ်များ လိုအပ်နေတယ်လို့ အချက်ပြနေတာပါ။ မြေပဲထောပတ်စားသုံးခြင်းအားဖြင့် လိုအပ်နေတဲ့ အာဟာရဓာတ်များ ပြည့်ဝလာပြီး ကိုလက်စတောပမာဏကိုလည်း လျော့ချပေးပါလိမ့်မယ်။

ရေခဲ

Source: Potterybarn.com

ရေခဲတုံးကို တကြွပ်ကြွပ်မြည်အောင် ဝါးစားချင်စိတ်ဖြစ်နေခြင်းက သံဓာတ်ချို့တဲ့တဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ဒါမှမဟုတ် စိတ်ဖီစီးမှုတွေကြောင့်လည်း ဖြစ်နိုင်သလို စိတ်ခံစားချက် အနိမ့်အမြင့်အတက်အကျကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

အသားနှင့် ဘာဂါများ

ရုတ်တရက်ကြီး ဘာဂါ စားချင်စိတ် ဖြစ်ပေါ်ရခြင်းက သင့်ခန္ဓာကိုယ်က ပရိုတင်းဓာတ် လိုအပ်နေတယ်လို့ အချက်ပြနေတာပါ။

ဆိုဒါအချိုရည်များ

ဆိုဒါအချိုရည်အေးအေးလေးများ သောက်ချင်တယ်လို့ တွေးလိုက်မိခြင်းက သင် ရေငတ်နေလို့ပဲဖြစ်ပါတယ်။ ရေငတ်နေချိန်မှာ ရေသောက်လိုက်တာက အကောင်းဆုံးပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဆိုဒါအချိုရည် အလွန်အကျွံသောက်သုံးခြင်းက သင့်ရဲ့အရိုးများကို ထိခိုက်စေလို့ပဲဖြစ်ပါတယ်။

Source: Brightside.me