အမျိုးသမီးများတစ်ယောက်အနေနဲ့ တစ်လမှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ ၃ ရက်မှ ၇ ရက်အတွင်း ရာသီသွေးဆင်းပြီး နာကျင်မှုဝေဒနာကို အမြဲတစေ ခံစားရလေ့ရှိပါတယ်။ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးနဲ့ သွေးပုပ်များကို ဖယ်ရှားပေးပြီး သွေးအသစ်ပြောင်းလဲပေးနေတဲ့ ရာသီစက်ဝန်းက ထိုအချိန်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်များက သွေးနဲ့အတူ ဆုံးရှုံးသွားတတ်ပါတယ်။

ထိုဗီတာမင်နဲ့ သတ္တုဓာတ်များကို ပြန်လည်သိုလှောင်သိမ်းဆည်းထားနိုင်ဖို့ရန်အတွက် ရာသီသွေးဆင်းချိန်မှာ အာဟာရပြည့်ဝတဲ့အစားအစာများကို စားသုံးသင့်တယ်လို့ ကျန်းမာရေးသုတေသီများက အကြံပေးထားကြပါတယ်။

ဓမ္မတာလာချိန်မှာ အာဟာရပြည့်ဝနေဖို့အတွက် စားသုံးသင့်တဲ့အစားအစာတွေကတော့…

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်ဓာတ်နဲ့ မဂ္ဂနီစီယမ်တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

ငှက်ပျောသီး

သွားရေစာတစ်ခုခု စားချင်တယ်ဆိုရင်တော့ ငှက်ပျောသီးကို စားသုံးပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာလည်း ပိုတက်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။

Dark Chocolate စားပါ

ထိုချောကလက်မှာ ပါဝင်တဲ့ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ Antioxidants တို့က သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးကြောလေးများကို ပြေလျော့စေပါတယ်။ ဒါ့အပြင် စိတ်အပြောင်းအလဲ အတက်အကျမြန်ခြင်းကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

ဂျင်း

ဂျင်းပြုတ်ရည်သောက်သုံးခြင်းကလည်း ဓမ္မတာလာချိန်အတွင်း စိတ်လက်ပေါ့ပါးစေပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို ၁၀၀ ရာခိုင်နှုန်း သက်သာ ပျောက်ကင်းစေပါတယ်။

လိမ္မော်သီးနှင့် သံပုရာသီး

ဆုံးရှုံးသွားတဲ့ဗီတာမင်ဓာတ်များကို ပြန်လည်ရယူဖို့အတွက် လိမ္မော်သီးနှင့် သံပုရာသီးတို့ကို များများ စားသုံးပေးနိုင်ပါတယ်။ အချဉ်ဓာတ်ကြွယ်ဝတဲ့ထိုသစ်သီးများက မူးဝေနွမ်းနယ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။

ဆော်လမွန်ငါးစားပါ

ဆော်လမွန်ငါးမှာ အိုမီဂါသရီး ဖက်တိအက်ဆစ်နဲ့ ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဓမ္မတာလာချိန်အတွင်း ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းတို့ကို လျော့ပါးသက်သာစေပြီး ရာသီစက်ဝန်းကို မှန်ကန်စေပါတယ်။

ဓမ္မတာလာချိန်မှာ ရှောင်ကြဉ်သင့်တဲ့အစားအစာ (၄) မျိုးကတော့

နွားနို့၊ အချိုဓာတ်လွန်ကဲတဲ့ မုန့်များနှင့် တာရှည်ခံအောင်ပြုလုပ်ထားတဲ့ သွားရေစာမုန့်များ၊ ကာဖိန်းဓာတ်များပြားစွာပါဝင်သော ဖျော်ရည်များနဲ့ စပ်သောအစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

Source: Brightside.me