ယနေ့ခေတ်မှာ လူတော်တော်များများက ကျန်းမာရေးကို လိုက်စားလာကြပါပြီ။ ဒါပေမဲ့ အစားအသောက်များကို သူ့အချိန်နဲ့သူ စားရမယ်ဆိုတဲ့အချက်ကိုတော့ သိသူနည်းနေပါသေးတယ်။ တချို့အစားအစာတွေကိုတော့ မနက်ပိုင်းမှာသာ စားသုံးသင့်ပြီး အချို့အစားအစာတွေကိုတော့ ညပိုင်းစားမှသာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပဲဖြစ်ပါတယ်။

သင့်ရဲ့ကျန်းမာရေးအတွက် ဘေးမဖြစ်စေဖို့ ဘယ်လိုအစားအစာတွေကို ဘယ်လိုအချိန်မှာ စားသုံးသင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ငှက်ပျောသီး

သင့်ရဲ့ မနက်ခင်းကို ငှက်ပျောသီးနဲ့ အစပြုလိုက်မယ်ဆိုရင် သင့်ကို အလွယ်တကူပင်ပန်းနွမ်းနယ်စေမှာဖြစ်ပြီး ထပ်မံဆာလောင်စေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးကို မနက်စာအဖြစ် မစားသုံးဘဲ အစားအစာတစ်ခုခုစားပြီးမှသာ ငှက်ပျောသီးကို စားသုံးသင့်ပါတယ်။

ကော်ဖီ

အချို့သူတွေက မနက်မိုးလင်းပြီဆိုတာနဲ့ ကော်ဖီတစ်ခွက်သောက်တတ်တဲ့အကျင့် ရှိကြပါတယ်။ သင် အိပ်ရာနိုးတာနဲ့ သင့်ခန္ဓာကိုယ်က Cortisol များ ထုတ်လွှတ်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်မှန်ကန်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ပြီးမှ ကော်ဖီသောက်သင့်ပါတယ်။ ဒါ့အပြင် ညနေစောင်းအချိန်မှာလည်း ကော်ဖီမသောက်သင့်တော့ပါဘူး။ ညဘက်ကျ အိပ်မပျော်ရောဂါ ခံစားရနိုင်လို့ပါပဲ။

ထမင်း

ထမင်းကတော့ ချေဖျက်ရခက်တဲ့အစားအစာတစ်ခုဖြစ်တာကြောင့် နေ့လည်စာ စားတဲ့အခါ များများစားသင့်ပြီး ညစာကိုတော့ အနည်းအကျဉ်းမျှသာ စားသုံးသင့်ပါတယ်။ ဒါမှ ဝိတ်တက်မလာမှာပဲဖြစ်ပါတယ်။

သကြားဓာတ်ပါဝင်သော အစားအစာများ

သင့်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်ချင်တယ်ဆိုရင်တော့ အချိုဓာတ်များပြားတဲ့အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မရှောင်နိုင်ဘူးဆိုရင်တော့ ထမင်းစားပြီးမှ အချိုတဲတဲ့အနေနဲ့ စားသင့်ပါတယ်။

နွားနို့

အချို့က နွားနို့ကို မနက်စာစားတဲ့အခါ သောက်သုံးလေ့ရှိပါတယ်။ တကယ်တော့ ဒါက အချည်းနှီးပဲဖြစ်ပါတယ်။ မနက်ပိုင်းမှာ နွားနို့သောက်မယ်ဆိုရင် ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ မနက်စောစော သောက်မယ့်အစား ညအိပ်ရာဝင်ခါနီးသောက်မယ်ဆိုရင်တော့ နှစ်ခြိုက်စွာအိပ်စက်အနားယူစေနိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။

ပန်းသီး

ပန်းသီးမှာ အမျှင်ဓာတ်နဲ့ သဘာဝအက်ဆစ်ဓာတ်ပါဝင်တာကြောင့် အစာချေဖျက်ရတာ နှေးကွေးလွန်းတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ညနေပိုင်းနဲ့ ညစာအဖြစ် မစားသုံးသင့်ပါဘူး။ မနက်ပိုင်းမှာသာ စားသုံးသင့်ပါတယ်။

Source: Brightside.me