တစ်နေ့တာလုံး ပင်ပင်ပန်းပန်းနဲ့ သွားလာလှုပ်ရှားပြီး အလုပ်လုပ်ထားရတဲ့သူတွေအနေနဲ့ ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

လုံလောက်တဲ့ အိပ်စက်အနားယူမှုရှိမှ မနက်နိုးလာတဲ့အခါ တစ်နေကုန် အားအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွနေမှာပဲဖြစ်ပါတယ်။

ညဘက်မှာ ကောင်းစွာအိပ်စက်အနားမယူနိုင်လို့ မနက်ဘက်မှာ ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာတွေကို ညအိပ်ရာမဝင်ခင်မှာ သင် စားသုံးမိနေတာပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ စတဲ့ ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် ကောင်းစွာအကျိုးပြုစေတယ်ဆိုပေမယ့် ညအိပ်ရာဝင်ချိန်နဲ့ နီးကပ်လွန်းပြီးတော့ မစားသင့်ပါဘူး။

ဘာ့ကြာင့်လဲဆိုတော့ ထိုဟင်းရွက်တွေထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်များက အစာချေရတာ ကြာမြှင့်တဲ့အတွက်ကြောင့် သင့်ကို အချိန်အတော်ကြာသည်အထိ အိပ်စက်လို့မရအောင် ပြုလုပ်နေမှာပဲဖြစ်ပါတယ်။

အယ်လ်ကိုဟော များပြားစွာပါဝင်တဲ့ ယမကာဖျော်ရည်များ

လူကြိုက်များတဲ့ အရက်တွေထဲမှာပါဝင်တဲ့ ကယ်လိုရီအချိုးအစားများ

ယမကာဖျော်ရည်များက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သင် သိပြီးသားဖြစ်ပါလိမ့်မယ်။ သောက်သုံးချင်တယ်ဆိုရင်တော့ ဆေးဖြစ်ဝါးဖြစ်လောက်ပဲ သောက်သုံးသင့်ပြီး ညအိပ်ရာဝင်ချိန်နဲ့ အချိန်တော်တော်ကြာခွာပြီး သောက်သုံးသင့်ပါတယ်။

နှစ်ခွက်လောက် သောက်သုံးမိတယ်ဆိုရင်တောင် မနက်နိုးလာတဲ့အခါ လူက ပင်ပန်းနွမ်းနယ်ပြီး ခေါင်းကိုက်နေသလို ခံစားရတတ်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုရင် ထိုဖျော်ရည်ထဲမှာ ပါဝင်တဲ့ဓာတ်များက သင့်ရဲ့ အိပ်စက်မှုကို နှောင့်ယှက်နေလို့ပဲဖြစ်ပါတယ်။

ရေခဲမုန့်

ညအိပ်ရာဝင်ခါနီး ရေခဲမုန့် စားသုံးခြင်းကိုလည်း အထူးရှောင်ကြဉ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေခဲမုန့်ထဲမှာပါဝင်တဲ့ အဆီဓာတ်များပြားတဲ့ ချိစ်များက သင့်ရဲ့အစာအိမ်ကို အလုပ်ပေးထားတာကြောင့် ကောင်းစွာအိပ်စက်အနားမယူနိုင်အောင် ပြုလုပ်နေမှာပဲဖြစ်ပါတယ်။

ကာဖိန်းဓာတ် ပါဝင်သော အစားအစာများ

Coffee

ကာဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်ဆိုရင် ကော်ဖီကိုပဲ ပြေးမြင်မိတတ်ကြပါတယ်။ ဒါပေမဲ့ ဆိုဒါ၊ ချောကလက် စတဲ့ ဖျော်ရည်နဲ့ အစားအစာမှာလည်း ကာဖိန်းဓာတ်များ ပါဝင်ပါတယ်။ ထိုကာဖိန်းဓာတ်တွေက သင့်ကို တက်ကြွစေတာကြောင့် အချိန်အတော်ကြာသည်အထိ မျက်စိကြောင်နေမှာပဲ ဖြစ်ပါတယ်။

စပ်သောအစားအစာများ

စပ်တဲ့အစားအစာတွေ စားရတာ ဘယ်လောက်ပဲ နှစ်ခြိုက်ပါစေ ညအိပ်ရာဝင်ခါနီးမှာတော့ လုံးဝမစားသင့်ပါဘူး။ စားသုံးမိမယ်ဆိုရင် သင့်ရဲ့ ဝမ်းဗိုက်ကို မအီမသာဖြစ်စေပြီး ညဘက်အိပ်မရအောင် အနှောင့်အယှက်ပေးနေမှာပဲဖြစ်ပါတယ်။

အဆီဓာတ်ကြွယ်ဝစွာပါဝင်သော အစားအစာများ

သဘာဝအဆီဓာတ် ကြွယ်ဝတဲ့အစားအစာတွေကို နေ့အချိန်မှာ စားသုံးခြင်းက သင့်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ထိုအဆီဓာတ်များက ချေဖျက်ရခက်တာကြောင့် ကောင်းစွာအိပ်စက်အနားယူချင်တယ်ဆိုရင်တော့ ညအချိန်မတော် စားသုံးခြင်းကို ရှောင်ကြဉ်သင့် ပါတယ်။

Source: bonhode.com