ခန္ဓာကိုယ်အတွင်း သည်းခြေကျောက်တည်တာ မဖြစ်လာရလေအောင် သဘာဝအတိုင်း ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ရှာဖွေနေပါသလား။ ဘာမှမခက်ပါဘူး။

ဖိုက်ဘာ၊ သံဓာတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်သည့် အဆီတွေ အလျှံအပယ်ပါဝင်နေတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားသောက်ပေးပါ။

ကဖင်းဓာတ်ကိုလည်း သင့်တင့်မျှတတဲ့ ပမာဏကိုသောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒါ့အပြင် အစာမစားခြင်း၊ သင့်တင့်မျှတမှုမရှိတဲ့ စားသောက်မှုပုံစံ၊ သကြားအလွန်အကဲစားသုံးခြင်း စတာတွေကိုပါ ရှောင်ကြဉ်ရန်လိုအပ်ပါတယ်။

၁။ နနွင်း

နနွင်းမှုန့်တွင်ပါဝင်တဲ့ Curcumin က သည်းခြေရည်စီးဆင်းမှုကို မြှင့်တင်ပေးပြီး ကိုလက်စထရောပမာဏကို လျှော့ချပေးကာ သည်းခြေကျောက်တည်တာကို ကာကွယ်ပေးပါတယ်။

နနွင်းကို ရေ၊ ပျားရည်တို့နဲ့ ရောစပ်ပြီးသောက်သုံးနိုင်သလို နွားနို့ပူပူလေးတစ်ခွက်ထဲလည်း ထည့်သွင်းသောက်သုံးနိုင်ပါတယ်။

၂။ သစ်သီးများ နှင့် ဟင်းသီးဟင်းရွက်များ

အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ်စားသုံးပေးခြင်းက အသည်းနှင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

သံပုယိုသီး၊ ပန်းသီး၊ တရုတ်နံနံ၊ ခရမ်းချဉ်သီးတွေက နီရဲမှုကိုသက်သာစေပြီး အသည်းကို အဆိပ်ဖြေပေးပါတယ်။ အပြုတ်၊ အချက်၊ အစိမ်းတို့အနေနဲ့သာမက ဖျော်ရည်အနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။

၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဝင်သည့်အစားအစာများ

ငါး၊ သံလွင်ဆီတို့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေပါဝင်သည့်အစားအစာများက ကိုလက်စထရောပမာဏကို လျော့ချပေးပြီး ကျောက်တည်တာကို ကာကွယ်ပေးပါတယ်။

၎။ ကော်ဖီ

ကော်ဖီတွင်ပါဝင်သည့် ကဖင်းဓာတ်က သည်းခြေရည်စီးဆင်းမှုကို တိုးတက်စေလို့ ကျောက်တည်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါကြောင့် တနေ့လျှင် ကော်ဖီကို ၁ ခွက် မှ ၂ ခွက်အထိ သောက်သုံးပေးပါ။

၅။ ဖိုက်ဘာဓာတ်ရှိ အစားအစာများ

ဖိုက်ဘာပါဝင်သည့် အစားအစာများက သည်းခြေရည်အတွင်း ကိုလက်စထရောစုပုံမှုကို ကာကွယ်ပေးလို့ ကျောက်တည်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ပဲတောင့်ရှည်၊ အုတ်ဂျုံ၊ မုယော၊ ကန်စွန်းဥ၊ တရုတ်မုန်လာ၊ ကညွတ်၊ နှမ်းကြတ်စေ့၊ လိမ္မော်သီး၊ တရုတ်ဆီးသီး၊ ဂရိတ်ဖရု၊ သရက်သီးတို့ကို စားသုံးပေးပါ။

၆။ သံဓာတ်အပြည့် အစားအသောက်များ

သံဓာတ်ချို့တဲ့သည့်အခါ သည်းခြေကျောက်တည်မှုကို ဖြစ်လာစေနိုင်လို့ ဒေါက်ခွရွက်၊ ကိုက်လံ၊ ဂျုံပြောင်း တို့ကို စားသုံးပေးခြင်းဖြင့် ကျောက်တည်မှုကို ကာကွယ်နိုင်မှာပါ။