မာလကာသီးများက Antioxidants ၊ ဗီတာမင် စီ၊ ပိုတက်စီယမ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသော အသီးတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့အသီးတင် အသုံးတည့်တာမဟုတ်ပါဘူး။ မာလကာရွက်လည်း ဆေးဖက်ဝင် အရွက်တစ်မျိုးဖြစ်ပြီး ရေနွေးဖြင့် ဖျော်သောက်ခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိပါတယ်။

ဒါဆိုရင် မာလကာရွက်နဲ့ မာလကာသီး စားသုံးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာကို အတူတူ ဆက်လေ့လာကြည့် လိုက်ရအောင်။

သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း

လူ ၁၉ ယောက်ကို မာလကာရွက်ဖျော်ရည်သောက်သုံးခိုင်းပြီးတဲ့နောက်မှာ သူတို့ရဲ့သွေးတွင်းသကြားဓာတ်က သောက်သုံးပြီး ၂ နာရီကြာသည်အထိ လျော့နည်းသွားတယ်လို့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

Source: Facty.com

လူဦးရေ ၁၂၀ ဦးကို ရက်သတ္တပတ် ၁၂ ပတ်ကြာအောင် အစာစားပြီးတိုင်း မာလကာသီးမှည့်တစ်လုံးစီ စားသုံးခိုင်းလိုက်ပါတယ်။ ထိုလေ့လာချက်အရ မာလကာသီးက ကောင်းသော ကိုလက်စတောများကို ၈ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးပြီး မကောင်းတဲ့ကိုလက်စတောများကို လျော့ချပေးတယ်လို့ သိရှိရပါတယ်။

အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း

အမျိုးသမီးများအနေနဲ့ မာလကာရွက်မှ ရရှိတဲ့ဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးခြင်းအားဖြင့် ဓမ္မတာလာစဉ်မှာ ကြွက်သားများ နာကျင်ကိုက်ခဲမှုတွေ သက်သာသွားတာကို မြင်တွေ့ရပါလိမ့်မယ်။ မာလကာရွက်က အကိုက်အခဲပျောက်ဆေးထက်တောင် ပိုပြီးအစွမ်းထက်ပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

မာလကာသီးများက အမျှင်ဓာတ်ကြွယ်ဝသော အစာအရင်းအမြစ်ပဲဖြစ်ပတယ်။ ဒါ့ကြောင့် မာလကာသီး စားသုံးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

မာလကာသီးထဲမှာ ပါဝင်တဲ့အမျှင်ဓာတ်က ဗိုက်ကို အချိန်အကြာကြီး ပြည့်တင်းစေမှာဖြစ်ပြီး အစား အလွန်အကျွံ စားသုံးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျချင်သူများအနေနဲ့ မာလကာသီး စားသုံးပေးသင့်ပါတယ်။

ခုခံစွမ်းအားကို တိုးမြှင့်ပေးခြင်း

မာလကာသီး(အူနီသီး)မှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ဗီတာမင်စီဓာတ် လုံလောက်စွာ မရရှိသူများက ခုခံစွမ်းအား ကျဆင်းလေ့ရှိပြီး မကြာခဏနေမကောင်းဖြစ်တတ်ကြပါတယ်။ မာလကာသီးမှ ဗီတာမင်စီဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အလွယ်တကူ အအေးမိဖျားနာခြင်းများမှ ကာကွယ်ပေးနိုင်ပါတယ်။

Source: Healthline.com