သစ်ကြားသီးများက သဘာဝအဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ရရှိအောင် ထောက်ပံ့ပေးနိုင်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

ထိုအာဟာရဓာတ်တွေကို ပေးစွမ်းနိုင်တဲ့ သစ်ကြားသီးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်သလဲဆိုတာကို စာဖတ်သူတို့သိကြပါသလား။

Antioxidants များ ကြွယ်ဝတဲ့ သစ်ကြားသီးစားသုံးခြင်းကြောင့်

ခန္ဓာကိုယ်တွင်းရှိ မကောင်းတဲ့ကိုလက်စတောများကို ဖယ်ရှားပေးပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ပုံမှန်စားသုံးသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။

အိုမီဂါးသရီးဓာတ် ကြွယ်ဝခြင်း

Source: mashed.com

အခြားသောအခွံမာသီးတွေနဲ့ ယှဉ်မယ်ဆိုရင် သစ်ကြားသီးမှာ အိုမီဂါသရီးဓာတ် ပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။ အိုမီဂါသရီးဓာတ်ကြွယ်ဝခြင်းကြောင့် မှန်မှန်စားသုံးပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားခြင်းမှ ၁၀ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ပါတယ်။

အူလမ်းကြောင်းကို ကျန်းမာစေခြင်း

Source: shop.bodylogicmd.com

သစ်ကြားသီး စားသုံးခြင်းက သင့်ကို အာဟာရဓာတ်ပြည့်ဝစေရုံသာမကဘဲ သင့် အူလမ်းကြောင်းမှာ နေထိုင်နေတဲ့ ကောင်းကျိုးပေးစွမ်းသော ဘက်တီးရီးယားများကို ကူညီထောက်ပံ့ပေးကာ အူလမ်းကြောင်းကို ကျန်းမာအောင် ကူညီပေးပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း

Source: express.co.uk

အဝလွန်နေတဲ့ လူဆယ်ယောက်ကို သစ်ကြားသီး ၄၈ ဂရမ်ခန့် ပါဝင်တဲ့ Smoothie ဖျော်ရည်ကို ငါးရက်တိတိ တစ်ရက်တစ်ကြိမ်စီ သောက်သုံးစေပါတယ်။ ထိုကဲ့သို့ သောက်သုံးစေခြင်းက အစား အလွန်အကျွံစားချင်စိတ်ကို လျော့ချပေးတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင် ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

သွေးပေါင်ချိန်ကို မှန်ကန်အောင် ထိန်းညှိပေးခြင်း

Source : express.co.uk

အာဟာရဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများ စားသုံးခြင်းက ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ သွေးတိုးစေတဲ့ အစားအစာတွေ သွေးပေါင်ကျစေတဲ့ အစားအစာတွေရှိသလို သွေးပေါင်ချိန်မှန်ကန်ပြီး ကျန်းမာအောင် ကူညီပေးတဲ့ အစားအစာတွေလည်း ရှိပါတယ်။ ထိုအစားအစာတွေထဲမှာ သစ်ကြားသီးကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

အသက်အရွယ်ကြောင့် အိုမင်းမစွမ်းဖြစ်လာခြင်းမှ တားဆီးပေးခြင်း

Source: healthline.com

အသက်အရွယ်တဖြည်းဖြည်း ကြီးရင့်လာတာနဲ့အမျှ သူများအကူအညီမပါဘဲ ကောင်းကောင်းမွန်မွန်သွားလာလှုပ်ရှားနိုင်ဖို့က အရေးကြီးပါတယ်။ ထိုကဲ့သို့ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာများ စားသုံးဖို့ လိုပါတယ်။

သစ်ကြားသီးကို စားသုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး ကျန်းကျန်းမာမာသွားလာလှုပ်ရှားနိုင်အောင် ကူညီပေးပါတယ်။