ယနေ့ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အသင့်တော်ဆုံး အဖျော်ယမကာတွေထဲကမှ  ရေပန်းအစားဆုံးတစ်ခုဖြစ်တဲ့ လက်ဖက်ရည်ကြမ်းက ပုံမှန်ပမာဏ သောက်သုံးပေးရင် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိတွေ ကြွယ်ဝစွာ ပါ၀င်ပြီး Antioxidants နဲ့ သွေးကို သန့်စင်စေတဲ့ အေးဂျင့်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

နို့လက်ဖက်ရည်ကို အိန္ဒိယ၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့လို နိုင်ငံတွေမှာ အဓိကသောက်သုံးကြပြီး ရေကိုအခြေခံထားတဲ့ လက်ဖက်ရည်က ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပေမယ့် အလွန်အကျွံ သောက်တဲ့အခါ ဒီလက်ဖက်ရည်အမျိုးအစားက ကျန်းမာရေးအတွက် တကယ်ဆိုးရွားနိုင်ပါတယ်။

အိပ်မပျော်ခြင်း

ကော်ဖီ၊ လက်ဖက်ရည်တို့လိုပဲ  နို့လက်ဖက်ရည်မှာလည်း ကဖိန်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ကဖိန်းဓာတ်များလွန်းနေရင်  အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါက နို့နဲ့သကြားပါတဲ့ လက်ဖက်ရည်ရဲ့ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါ။

ပူပင်သောက

လက်ဖက်ရည်က စိတ်တည်ငြိမ်စေဖို့  ဦးနှောက်ဆဲလ်များကို လှုံ့ဆော်ပေးနိုင်တယ်လို့ဆိုပေမယ့် အလွန်အကျွံ သောက်မိရင်တော့ ဦးနှောက်တွင်း ဓာတုပစ္စည်းများ မညီမျှမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။  Chamomile တို့လို လက်ဖက်ရည်တွေက စိတ်ကို ပြေလျော့စေတဲ့ ဂုဏ်သတ္တိကြောင့် လူသိများပေမယ့် တစ်နေ့ကို လက်ဖက်ရည် ၁၅၀ မီလီလီတာထက် ပိုသောက်ရင် စိုးရိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဝက်ခြံ

လက်ဖက်ရည်ကြမ်းက အပူကို ထုတ်ပေးတာကြောင့် ဝက်ခြံပေါက်ခြင်းကို ဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်တွင်း ဓာတုပစ္စည်းများ မညီမျှမှုကို ဖန်တီးပေးပါတယ်။ လက်ဖက်ရည်အလွန်အကျွံသောက်ခြင်းကြောင့် ဝက်ခြံပေါက်ရင်  အထိခိုက်ဆုံးနေရာတွေက မျက်နှာ၊ လည်ပင်းနဲ့ ရင်ဘတ်တို့ပါ။

ဝမ်းချုပ်ခြင်း

လက်ဖက်ခြောက်မှာ ကဖိန်းဓာတ်နဲ့ သီအိုဖီးလ်လင်းလို့ခေါ်တဲ့ တခြားဓာတုပစ္စည်းများပါရှိတာကြောင့် အညစ်အကြေးစွန့်ထုတ်မှုစနစ်အတွက် ကောင်းမွန်ပြီး လှုပ်ရှားမှုစီးဆင်းမှုကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ နောက်တစ်ခုက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် စိတ်နဲ့ ကြွက်သားတွေကို ငြိမ်သက်စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်သုံးမိရင်တော့ ခန္ဓာကိုယ်ကိုခြောက်သွေ့စေပြီး ရေဓာတ်ခန်းခြောက်စေတာမလို့ ဝမ်းချုပ်စေပါတယ်။

သွေးပေါင်ချိန် မညီမျှခြင်း

လက်ဖက်ရည်အလွန်အကျွံသောက်တာရဲ့ အန္တရာယ်အရှိဆုံး ဘေးထွက်ဆိုးကျိုးတစ်ခုက သွေးပေါင်ချိန်ကို မညီမျှစေတာပါ။ လက်ဖက်ရည်က သွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေး၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပေမယ့် အလွန်အကျွံသောက်တဲ့အခါ နှလုံးခုန်နှုန်းကို တိုးစေပြီး သွေးတိုးစေပါတယ်။

ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း

လက်ဖက်ခြောက်က ကြွက်သားများကို ပြေလျော့စေကာ စိတ်ကို အေးချမ်းစေတဲ့အပြင် သွေးလည်ပတ်မှုကောင်းစေကာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ ဂုဏ်သတ္တိများကြောင့် ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်သားတွေကို အလွန်အကျွံဖြေလျှော့တာ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဒြပ်စင်တွေများလွန်းတာ ဒါမှမဟုတ် သွေးစီးဆင်းမှုမမှန်တာတွေ ဖြစ်တတ်တာကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။