[Unicode]

ကလီယိုပတ်ထရာဘုရင်မက ပျားရည်နဲ့ နွားနို့အရောအနှောထဲမှာ စိမ်ပြီးရေချိုးလေ့ရှိတယ်လို့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားဖူးကြမှာပါ။ ဒီအချက်က မှန်ကောင်းမှန်နိုင်ပါတယ်။ ဒီလိုဘာ့ကြောင့် ပြောကြလဲဆိုတော့ ပျားရည်က အသားအရေအလှအပအတွက်ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်လို့ပါပဲ။

ပျားရည်က အလှအပအတွက်တင် မကပါဘူး။ ကျန်းမာရေးအတွက်လည်း အသုံးဝင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် သကြား အစားထိုးအသုံးပြုနိုင်တဲ့ စူပါအစားအစာတစ်ခုဆိုလည်း မမှားပါဘူး။

ဒါဆိုရင် ပျားရည်က သင့်နေ့စဉ်ဘဝအတွက် ဘယ်လိုအသုံးဝင်သလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ခြစ်ရာ၊ ရှရာ၊ ကုတ်ဖဲ့ရာနဲ့ အပူလောင်ဒဏ်ရာတို့အတွက်

ဟင်းသီးဟင်းရွက် သစ်သီးဝလံနဲ့ သားငါး ခုတ်ထစ်နေရင်းနဲ့ လက် ဓားရှသွားတဲ့အခါ၊ ထမင်း ဟင်းချက်ပြုတ်နေရင်းနဲ့ အပူလောင်သွားတဲ့အခါ ပျားရည်ကိုသာ သတိရလိုက်ပါ။ အနာတရဖြစ်သွားတဲ့ နေရာပေါ်ကို ပျားရည်လေး လိမ်းကျံပေးလိုက်ရုံပါပဲ။ ပျားရည်က သဘာဝပိုးသတ်ဆေးအဖြစ် အသုံးတည့်မှာပဲဖြစ်ပါတယ်။

အရက်နာကျခြင်းကို ကူညီပေးဖို့ရန်အတွက်

မနေ့ညက ဘော်ဒါတွေနဲ့ သောက်တာများသွားလို့ မနက်ကျ ခေါင်းမထောင်နိုင်ဖြစ်နေပါသလား။ ဒီလိုအရက်နာကျပြီဆိုရင် ပျားရည်က ကောင်းကောင်းကြီး ကူညီပေးနိုင်ပါတယ်။ Fructose ဓာတ် ပေါကြွယ်ဝစွာ ပါဝင်တဲ့ ပျားရည်ကို စားပွဲတင်ဇွန်း အနည်းငယ်ခန့် သောက်သုံးပေးမယ်ဆိုရင် သင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်တာကြောင့် အရက်နာကျခြင်း ခံစားရမှာ မဟုတ်တော့ပါဘူး။

လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတို့အတွက်

ပျားရည်ကို သံပုယိုသီးတစ်လုံးနဲ့ ညှစ်ပြီး သောက်သုံးပေးလိုက်ပါ။ လည်ချောင်းနာခြင်းရော ချောင်းဆိုးခြင်းပါ တစ်မဟုတ်ချင်း ပျောက်ကင်းသက်သာသွားပါလိမ့်မယ်။

ကပ်ပါးကောင်များကို ဖယ်ရှားပေးခြင်း

သန်ကောင်တွေ တုပ်ကောင်တွေက အူလမ်းကြောင်းမှာ နေထိုင်ကြတဲ့ ကပ်ပါးကောင်တွေပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားအင်္ဂါအစိတ်အပိုင်တွေမှာလည်း အဲ့ဒီလိုကပ်ပါးကောင်တွေ မနေထိုင်ကြဘူးလို့ မပြောနိုင်ပါဘူး။ ထိုကပ်ပါးကောင်တွေကို ဖယ်ရှားချင်တယ်ဆိုရင် ပျားရည်၊ ရှာလကာရည်နဲ့ ရေတို့ကို ဆတူရောနှောပြီး သောက်သုံးပေးလိုက်ပါ။ ပါဝင်ပစ္စည်း သုံးမျိုးစလုံးက ကပ်ပါးကောင်တွေ အားလုံးကို သေစေနိုင်တဲ့ အစွမ်းထက်ပစ္စည်းတွေပဲဖြစ်ပါတယ်။

စိတ်လက်ကြည်လင်ပြီး အသားအရေလှပဖို့အတွက် ရေချိုးရာတွင် အသုံးပြုနိုင်ခြင်း

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေနွေးပူ ၁၂၅ မီလီလီတာတို့ကို ရောနှောလိုက်ပါ။ ရေချိုးကန်ထဲမှာ ရေစိမ်ပြီးတဲ့နောက်မှာ ပျားရည်အရောအနှောကို ရေချိုးကန်ထဲ လောင်းထည့်လိုက်ပါ။ ၁၀ မိနစ်ခန့် စိမ်နေလိုက်ပါ။ ထို့နောက် လာဗန်ဒါအဆီ ၂ စက်၊ ၃ စက်ခန့် ထပ်ပေါင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ အသားအရေလည်း လှပမှာဖြစ်သလို သင့်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့စိတ်လည်း ပြန်လည်လန်းဆန်းတက်ကြွသွားပါလိမ့်မယ်။

ပျားရည်နဲ့ နွားနို့

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို နွားနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ ရောနှောပေးလိုက်ပါ။ ထို့နောက် သင့်ရဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီးနောက် ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ ပြီးမှ မျက်နှာသစ်လိုက်ပါ။ မျက်နှာအသားအရေအတွက် အထူးသင့်တော်ပါတယ်။

Source: care2.com

[Zawgyi]

ကလီယိုပတ္ထရာဘုရင္မက ပ်ားရည္နဲ႔ ႏြားႏို႔အေရာအေႏွာထဲမွာ စိမ္ၿပီးေရခ်ိဳးေလ့႐ွိတယ္လို႔ တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ ၾကားဖူးၾကမွာပါ။ ဒီအခ်က္က မွန္ေကာင္းမွန္ႏိုင္ပါတယ္။ ဒီလိုဘာ့ေၾကာင့္ ေျပာၾကလဲဆိုေတာ့ ပ်ားရည္က အသားအေရအလွအပအတြက္ေကာင္းက်ိဳးအေျမာက္အျမားေပးစြမ္းႏိုင္လို႔ပါပဲ။

ပ်ားရည္က အလွအပအတြက္တင္ မကပါဘူး။ က်န္းမာေရးအတြက္လည္း အသံုးဝင္တဲ့အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ ဒါ့အျပင္ သၾကား အစားထိုးအသံုးျပဳႏိုင္တဲ့ စူပါအစားအစာတစ္ခုဆိုလည္း မမွားပါဘူး။

ဒါဆိုရင္ ပ်ားရည္က သင့္ေန႔စဥ္ဘဝအတြက္ ဘယ္လိုအသံုးဝင္သလဲဆိုတာ ဆက္ေလ့လာၾကည့္လိုက္ရေအာင္။

ျခစ္ရာ၊ ႐ွရာ၊ ကုတ္ဖဲ့ရာနဲ႔ အပူေလာင္ဒဏ္ရာတို႔အတြက္

ဟင္းသီးဟင္းရြက္ သစ္သီးဝလံနဲ႔ သားငါး ခုတ္ထစ္ေနရင္းနဲ႔ လက္ ဓား႐ွသြားတဲ့အခါ၊ ထမင္း ဟင္းခ်က္ျပဳတ္ေနရင္းနဲ႔ အပူေလာင္သြားတဲ့အခါ ပ်ားရည္ကိုသာ သတိရလိုက္ပါ။ အနာတရျဖစ္သြားတဲ့ ေနရာေပၚကို ပ်ားရည္ေလး လိမ္းက်ံေပးလိုက္႐ံုပါပဲ။ ပ်ားရည္က သဘာဝပိုးသတ္ေဆးအျဖစ္ အသံုးတည့္မွာပဲျဖစ္ပါတယ္။

အရက္နာက်ျခင္းကို ကူညီေပးဖို႔ရန္အတြက္

မေန႔ညက ေဘာ္ဒါေတြနဲ႔ ေသာက္တာမ်ားသြားလို႔ မနက္က် ေခါင္းမေထာင္ႏိုင္ျဖစ္ေနပါသလား။ ဒီလိုအရက္နာက်ၿပီဆိုရင္ ပ်ားရည္က ေကာင္းေကာင္းႀကီး ကူညီေပးႏိုင္ပါတယ္။ Fructose ဓာတ္ ေပါၾကြယ္ဝစြာ ပါဝင္တဲ့ ပ်ားရည္ကို စားပြဲတင္ဇြန္း အနည္းငယ္ခန္႔ ေသာက္သံုးေပးမယ္ဆိုရင္ သင့္ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို တိုးျမွင့္ေပးႏိုင္တာေၾကာင့္ အရက္နာက်ျခင္း ခံစားရမွာ မဟုတ္ေတာ့ပါဘူး။

လည္ေခ်ာင္းနာျခင္းနဲ႔ ေခ်ာင္းဆိုးျခင္းတို႔အတြက္

ပ်ားရည္ကို သံပုယိုသီးတစ္လံုးနဲ႔ ညွစ္ၿပီး ေသာက္သံုးေပးလိုက္ပါ။ လည္ေခ်ာင္းနာျခင္းေရာ ေခ်ာင္းဆိုးျခင္းပါ တစ္မဟုတ္ခ်င္း ေပ်ာက္ကင္းသက္သာသြားပါလိမ့္မယ္။

ကပ္ပါးေကာင္မ်ားကို ဖယ္႐ွားေပးျခင္း

သန္ေကာင္ေတြ တုပ္ေကာင္ေတြက အူလမ္းေၾကာင္းမွာ ေနထုိင္ၾကတဲ့ ကပ္ပါးေကာင္ေတြပဲျဖစ္ပါတယ္။ ခႏၶာကိုယ္ရဲ႕ အျခားအဂၤါအစိတ္အပိုင္ေတြမွာလည္း အဲ့ဒီလိုကပ္ပါးေကာင္ေတြ မေနထိုင္ၾကဘူးလို႔ မေျပာႏိုင္ပါဘူး။ ထိုကပ္ပါးေကာင္ေတြကို ဖယ္႐ွားခ်င္တယ္ဆိုရင္ ပ်ားရည္၊ ႐ွာလကာရည္နဲ႔ ေရတို႔ကို ဆတူေရာေႏွာၿပီး ေသာက္သံုးေပးလိုက္ပါ။ ပါဝင္ပစၥည္း သံုးမ်ိဳးစလံုးက ကပ္ပါးေကာင္ေတြ အားလံုးကို ေသေစႏိုင္တဲ့ အစြမ္းထက္ပစၥည္းေတြပဲျဖစ္ပါတယ္။

စိတ္လက္ၾကည္လင္ၿပီး အသားအေရလွပဖို႔အတြက္ ေရခ်ိဳးရာတြင္ အသံုးျပဳႏိုင္ျခင္း

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ ေရေႏြးပူ ၁၂၅ မီလီလီတာတို႔ကို ေရာေႏွာလိုက္ပါ။ ေရခ်ိဳးကန္ထဲမွာ ေရစိမ္ၿပီးတဲ့ေနာက္မွာ ပ်ားရည္အေရာအေႏွာကို ေရခ်ိဳးကန္ထဲ ေလာင္းထည့္လိုက္ပါ။ ၁၀ မိနစ္ခန္႔ စိမ္ေနလိုက္ပါ။ ထို႔ေနာက္ လာဗန္ဒါအဆီ ၂ စက္၊ ၃ စက္ခန္႔ ထပ္ေပါင္းထည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ အသားအေရလည္း လွပမွာျဖစ္သလို သင့္ရဲ႕ ပင္ပန္းႏြမ္းနယ္ေနတဲ့စိတ္လည္း ျပန္လည္လန္းဆန္းတက္ၾကြသြားပါလိမ့္မယ္။

ပ်ားရည္နဲ႔ ႏြားႏို႔

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္းကို ႏြားႏို႔ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ ေရာေႏွာေပးလိုက္ပါ။ ထို႔ေနာက္ သင့္ရဲ႕ မ်က္ႏွာေပၚမွာ သုတ္လိမ္းၿပီးေနာက္ ၁၀ မိနစ္ခန္႔ ထားထားလိုက္ပါ။ ၿပီးမွ မ်က္ႏွာသစ္လိုက္ပါ။ မ်က္ႏွာအသားအေရအတြက္ အထူးသင့္ေတာ္ပါတယ္။

Source: care2.com