Diet လုပ်ရင်လည်း ကျန်းမာရေးမထိခိုက်အောင် အစားအသောက်ကို သေချာစီစဉ်ပြီးမှ လုပ်သင့်ပါတယ်။ လူတစ်ယောက်မှာ ဗီတာမင်အေဓာတ်ကလည်း လိုအပ်တယ်ဆိုတော့ ဒီတစ်ခါမှာ Diet လုပ်နေတဲ့သူတွေ စားပေးသင့်တဲ့ ဗီတာမင်အေကြွယ်ဝတဲ့အစားအစာများကို မျှဝေပေးလိုက်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင်အေပါလို့ Diet လုပ်နေတဲ့သူတွေအနေနဲ့ အလုံးလိုက်ကိုက်စားလို့လည်း အဆင်ပြေသလို၊ ဖျော်သောက်လို့လည်း အဆင်ပြေပါတယ်။ Diet အတွက် အကောင်းဆုံးပါပဲ။

ဒေါက်ခွရွက်

ဒေါက်ခွရွက်မှာလည်း ဗီတာမင်အေပါလို့ Diet လုပ်တဲ့သူတွေစားပေးလို့ ကောင်းပါတယ်။

သခွားမွှေးသီး

သခွားမွှေးသီးကလည်း ဗီတာမင်အေပါဝင်လို့ စားပေးသင့်ပါတယ်။ အရည်ရွှမ်းတဲ့အသီးထဲမှာပါတော့ Diet လုပ်နေသူတွေအတွက် အကောင်းဆုံးပါပဲ။

ကန်စွန်းဥ

ဗိုက်ဆာတဲ့အခါမှာ Diet လုပ်နေတော့ အများကြီးစားလို့မဖြစ်ဘူးလေ။ ဒါဆိုရင် ဗီတာမင်အေကြွယ်ဝတဲ့ ကန်စွန်းဥစားလို့ရတာပေါ့။ ကန်စွန်းဥက တစ်လုံးစားရုံနဲ့တောင် ဗိုက်ပြည့်တယ်လေ။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းက ကျန်းမာရေးအတွက် မဖြစ်မနေစားပေးသင့်ပါတယ်။ သူ့မှာက ဗီတာမင်အေအပြင် ဗီတာမင်စီနဲ့ ကယ်လ်ဆီယမ်ဓာတ်တွေလည်း ပါပါတယ်။

သရက်သီး

Diet လုပ်နေတဲ့အချိန်ဆိုရင် အချိုလေးတွေစားရတာ အရမ်းကောင်းပဲလေ။ တခြားအချိုတွေစားရင်လည်း ဝိတ်တက်မှာကြောက်ရတော့ သရက်သီးအမှည့်လေးစားလို့ရတာပေါ့။ ဗီတာမင်အေဓာတ်ပါတော့ အဆင်ပြေတာပေါ့။

Photo Source: www.freepik.com