ကျောက်ကပ်အားကောင်းစေဖို့၊ ကျောက်ကပ်ကိုသန့်စင်ပေးတဲ့ ဆေးဖက်ဝင်အစားအစာ (၇) မျိုးကို ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

ပြောင်းဖူးအမွှေး

ပြောင်းဖူးစားရင် သူ့မှာပါတဲ့အမွှေးလေးတွေကို ဖယ်ထုတ်ကြတယ်။ တကယ်တော့ အဲ့ဒီ ပြောင်းဖူးမွှေးတွေကို နုတ်နုတ်ဆင်းပြီး ဟင်းတွေထဲထည့်တာမျိုးပဲဖြစ်ဖြစ် Tea အဖြစ်လုပ်သောက်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒီလိုလုပ်စားတာမျိုး၊ သောက်တာမျိုးက ကျောက်ကပ်ကို သန့်စင်ပေးပါတယ်။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်အမှုန့်ရှိပါတယ်။ သစ်ကြံပိုးခေါက်အမှုန့်ကို တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းထက်ပိုပြီး စားပေးရင် ကျောက်ကပ်အတွက်ကောင်းပါတယ်။

တရုတ်နံနံကြီးအမြစ်

တရုတ်နံနံကြီးအမြစ်က ကျောက်ကပ်အားကောင်းစေပြီး ဆီးရွှင်စေတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။

နံနံပင်

နံနံပင်ဆိုရင် တော်တော်များများက မကြိုက်ကြပါဘူး။ ဒါပေမယ့် နံနံပင်က ကျောက်ကပ်အတွက် အရမ်းကောင်းတဲ့ ဆေးဖက်ဝင်တစ်မျိုးပါ။

ဂျင်း

ဂျင်းက ကျောက်ကပ်အားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေလည်း ပျောက်စေပါတယ်။

နံနွင်း

နံနွင်းကလည်း ဆေးဖက်ဝင်တဲ့ အစားအစာတစ်မျိုးပါပဲ။ ကျောက်ကပ်အတွက်လည်း အားကောင်းစေပါတယ်။
ကြက်သွန်ဖြူ

ကြက်သွန်ဖြူကိုစားပေးခြင်းက ကျောက်ကပ်၊ အသဲ၊ နှလုံးတို့ကို အားကောင်းစေပါတယ်။

Photo Source: www.organicwelcome.com