ခရမ်းချဉ်သီးကို အစိမ်းလိုက်စားခြင်း (သို့) သုပ်စားခြင်းက ကျန်းမာရေးအတွက် ပိုကောင်းတယ်လို့ လူအများစုက ထင်နေကြပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးများကို ကျက်အောင် ချက်စားခြင်းကသာ သင့်အစာအိမ်နဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။ အခြားသောအစားအစာများလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။

ဒါဆိုရင် အစားအစာများထဲမှ အာဟာရဓာတ် ပိုမိုရရှိအောင်လို့ ဘယ်လိုအစားအစာကို ဘယ်လိုချက်ပြုတ်စားသုံးသင့်လဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ငှက်ပျောသီး

ဆီးချိုသမားများအနေနဲ့ကတော့ သကြားဓာတ်ပါဝင်မှုနည်းနေသော မမှည့်သေးတဲ့ ငှက်ပျောသီးကို စားသုံးနိုင်ပြီး အစာကြေလွယ်ချင်သူများအနေနဲ့ကတော့ အမှည့်လွန်နေသော ငှက်ပျောသီးများကို စားသုံးသင့်ပါတယ်။

မှို

မှိုကို ချက်ပြုတ်စားသုံးလိုက်တဲ့အခါ သူ့ရဲ့ဗီတာမင်ဘီဓာတ်များ ပျောက်ဆုံးသွားပေမယ့် မှိုထဲရှိ အဆိပ်အတောက်များလည်း ဓာတ်ပြယ်သွားပြီး Antioxidnants များ တိုးပွားလာပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းလိုက် စားခြင်းက ဗီတာမင်စီဓာတ်များကို ပိုမိုရရှိနိုင်ပေမယ့် ချက်ပြုတ်စားသုံးမယ်ဆိုရင်တော့ အမျှင်ဓာတ်များ ပိုမိုရရှိနိုင်ပြီး အစာကြေလွယ်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီကို အစိမ်း စားခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ပေမယ့် ချက်ပြုတ်စားသုံးခြင်းက ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါတယ်။ ချက်ပြုတ်စားတဲ့အခါ တစ်ခုသတိထားရမှာကတော့ ပြုတ်ပြီးမှ မုန်လာဥနီကို လှီးဖြတ်သင့်ပါတယ်။ မပြုတ်ခင် လှီးဖြတ်မယ်ဆိုရင်တော့ မုန်လာဥနီရဲ့အာဟာရဓာတ်များက ရေထဲ ပျော်ဝင်သွားတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အချည်းနှီးပဲဖြစ်သွားပါလိမ့်မယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်ကို ချက်ပြုတ်စားသုံးခြင်းက အရိုးအဆစ်နဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။

ပေါင်မုန့်

ပေါင်မုန့်မီးကင်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက်ကြောင့် ဆီးချိုသမားများအတွက် သင့်လျော်ပါတယ်။ ပေါင်မုန့်ကြမ်း စားသုံးခြင်းကတော့ သင့်ခန္ဓာကိုယ်က အာဟာရဓာတ်များကို အလွယ်တကူ စုပ်ယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။

သကြားမုန်လာ

စမ်းသပ်ချက်တစ်ခုမှာ သကြားမုန်လာဖော်ရည် ၂၅၀ မီလီလီတာကို သွေးတိုးရောဂါ ခံစားနေရသူ ၆၈ ယောက်အား နေ့စဉ်နေ့တိုင်း သောက်သုံးစေပါတယ်။ ရလာဒ်အနေနဲ့ သွေးပေါင်ချိန်ကို လျော့ချနိုင်တာကို တွေ့မြင့်ရပါတယ်။

အခြားနည်းလမ်းအနေနဲ့ သကြားမုန်လာဥကို ပြုတ်စားခြင်းက အမျှင်ဓာတ်များ ပိုမိုထွက်ရှိလာတဲ့အတွက်ကြောင့် အစာကြေလွယ်တာကို တွေ့ရပါတယ်။

စာဖတ်သူတို့ရော… ဘယ်လိုနည်းလမ်းနဲ့ စားသုံးရတာကို ပိုကြိုက်နှစ်သက်လဲဆိုတာကို ပြောပြခဲ့ဦးနော်။

Source: Brightside.me