အမျိုးသမီးများက ဓမ္မတာလာချိန်မှာ စိတ်တိုစိတ်ဆတ်လွယ်ပြီး စိတ်ခံစားချက် အပြောင်းအလဲ အတက်အကျလည်း မြန်ပါတယ်။ ဒါတင်မကသေးပါဘူး။ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲပြီး ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း ဝေဒနာတို့ကိုလည်း အလူးအလဲခံစားရရှာပါတယ်။

အကိုက်အခဲပျောက်ဆေးသောက်ရ၊ ဆေးလူးရနဲ့ ကိုက်ခဲမှု သက်သာအောင် အမျိုးမျိုးကြိုးစားကြပါတယ်။ ဒါတွေက ဆေးနည်းကို မသိသေးလို့ပဲဖြစ်ပါတယ်။ အမှန်တကယ်ပျောက်ကင်းစေမယ့် သဘာဝဆေးနည်းလေးတွေကို သိထားမယ်ဆိုရင်တော့ အခုလို အလူးအလဲခံစားရမှာမဟုတ်ပါဘူး။ ဘယ်လိုသဘာဝအစားအစာတွေ ဘယ်လိုဆေးနည်းတွေ အသုံးပြုရမလဲမဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ဂျင်း

ဂျင်းဖျော်ရည်က ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဂျင်းကို အခွံခွာပြီး လက်သည်းခွံပမာဏခန့် လှီးဖြတ်ထားပါ။ ထို့နောက် ရေနွေးပူထဲ ထည့်ဖျော်လိုက်ပါ။ ထိုရေနွေးပူထဲကို သံပုရာသီး (သို့) သံပုယိုသီး တစ်ခြမ်းထည့်ပြီး စိမ်ထားလိုက်ပါ။ ၅ မိနစ်ခန့် စိမ်ပြီးတဲ့အခါမှာ သောက်သုံးကြည့်လိုက်ပါ။ နေ့တိုင်း မှန်မှန်သောက်သုံးပေးမယ်ဆိုရင် လစဉ်လတိုင်းနာကျင်မှုတွေ ခံစားရတော့မှာမဟုတ်ပါဘူး။

ဆော်လမွန်ငါး

လေ့လာတွေ့ရှိချက်များအရ Omega-3 များများစားသုံးတဲ့ အမျိုးသမီးများက ဓမ္မတာနာကျင်မှု ဝေဒနာကို မဆိုစလောက်လေးသာ ခံစားရတာပါ။ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာစတဲ့ အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေက ရောင်ရမ်းမှုနဲ့ နာကျင်မှုတို့ကို သက်သာစေပါတယ်။ ထိုငါးများကို တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ်ခန့် စားသုံးပေးလိုက်ပါ။ Omega-3 ဓာတ်ကြွယ်ဝတဲ့ သစ်ကြားသီးများ၊ ပိုက်ဆံလျှော်စေ့၊ ဥအမျိုးမျိုး စတဲ့အစားအစာတွေကိုလည်း များများစားသုံးပေးသင့်ပါတယ်။

အနီရောင် အသားများ

အနီရောင်အသားများက သံဓာတ်များပြားစွာပါဝင်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အမျိုးသမီးများက ဓမ္မတာလာချိန်မှာ သံဓာတ်နည်းပါးသွားလေ့ရှိတာကြောင့် သံဓာတ်များများဖြည့်တင်းပေးမှသာလျှင် နာကျင်မှုသက်သာမှာပဲဖြစ်ပါတယ်။ တကယ်လို့သင်က အသားမစားတဲ့ သပ်သပ်လွတ်သမားဆိုရင်တော့ ဟင်းနုနွယ်ရွက်၊ ပဲနီကလေး၊ ပဲအမျိုးမျိုး စတဲ့အစားအစာတွေကို အစားထိုးစားသုံးပေးပါ။ ဒီလိုစားသုံးတာတောင်မှ နာကျင်နေသေးတယ်ဆိုရင်တော့ သံဓာတ်အားဖြည့်ဆေးများ မှီဝဲပေးလိုက်ပါ။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဓမ္မတာလာချိန်မှာ ဘာဟင်းသီးဟင်းရွက်မှ စားချိန်စိတ်ရှိမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ခံတွင်းပျက်ပြီး စားချင်စိတ်မရှိဖြစ်နေပါစေ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လံ၊ ထိုသုံးမျိုးကိုတော့ မဖြစ်မနေစားသုံးသင့်ပါတယ်။ သူတို့မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်ပါ။

သဘာဝဒိန်ချဉ်

ကယ်လစီယမ်ဓာတ်တွေ ပြည့်ဝနေတဲ့ ဒိန်ချဉ်က ဓမ္မတာကြောင့်နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။ ဒါ့အပြင် သဘာဝဒိန်ချဉ်များက အစာချေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကိုလည်း သက်သာစေပါတယ်။

အနက်ရောင် ချောကလက်

တစ်လတစ်ခါ နာကျင်ကိုက်ခဲတဲ့အချိန်မှာ အချိုများများ စားပေးရမယ်လို့ လူကြီးသူမတွေပြောတာ ကြားဖူးနားဝရှိကြပါလိမ့်မယ်။ အချိုဓာတ်ဖြည့်ဖို့ လိုအပ်လာပြီဆိုရင် နို့ချောကလက်တို့ ကွတ်ကီးတို့ထက်စာရင် အနက်ရောင် ချောကလက်က ပိုအစွမ်းထက်ပါတယ်။

ဗီတာမင် အီး ကြွယ်ဝသော အစားအစာများ

The health benifits of consuming sunflower seeds

နေကြာစေ့မှာပါဝင်တဲ့ ဗီတာမင်အီးက ရင်သားများ တင်းရင်းနာကျင်နေခြင်းနဲ့ ဗိုက်အောင့်ခြင်း၊ ခြေထောက်ကိုက်ခြင်း၊ ပေါင်ကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။ ဗီတာမင် အီး ကြွယ်ဝတဲ့ အခြားအစားအစာတွေဖြစ်တဲ့ ထောပတ်သီး၊ ဥအမျိုးမျိုး၊ အယ်လ်မွန်သီးစတဲ့ အစားအစာတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။

Source: cosmopolitan.com