လူသားတိုင်းမှာ ညအိပ်ရာမဝင်ခင်အချိန်တွင် သရေစာမုန့်များ စားသုံးချင်တဲ့စိတ် အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ ညအိပ်ရာဝင်ခါနီးမှာ အစားစားခြင်းက အဝလွန်စေပြီး ကျန်းမာရေးနဲ့ မညီညွှတ်တာကြောင့် အိပ်ရာဝင်ခါနီး အစား မစားသင့်ဘူးလို့ သင်ထင်ပါလိမ့်မယ်။

ဒါပေမဲ့ သင့်ကို ဘေးအန္တရာယ်မဖြစ်စေဘဲ ကျန်းမာရေးအတွက် ကောင်းကျိုးပေးစွမ်းနိုင်တဲ့ အစားအစာအချို့လည်း ရှိပါသေးတယ်။ အခုဖော်ပြပေးမယ့် အစားအစာတွေကို စားသုံးပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးများ ရရှိခံစားနိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ငှက်ပျောသီး

ညအိပ်ရာဝင်ခါနီးကျမှ ဗိုက်ဆာလာတယ်ဆိုရင် ငှက်ပျောသီးကို စားသုံးနိုင်ပါတယ်။ ငှက်ပျောသီးစားသုံးခြင်းအားဖြင့် ညအိပ်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှာပဲဖြစ်ပါတယ်။

ချယ်ရီသီးဖျော်ရည်

Source: independent.co.uk

ချယ်ရီသီးဖျော်ရည်သောက်သုံးခြင်းက သင့်ကို ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်ဆိုပေမယ့် အသိသာအထင်ရှားဆုံး ကောင်းကျိုး တစ်ခုကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်းပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချယ်ရီသီးမှာပါဝင်တဲ့ အာဟာရဓာတ်များက အိပ်စက်မှုကို အထောက်အကူဖြစ်စေတဲ့ ဟော်မုန်းများကို တိုးမြှင့်ပေးစေလို့ပဲဖြစ်ပါတယ်။

ဆော်လမွန်ငါး (သို့) တူနာငါး

Source: .jessicagavin.com

ဆော်လမွန်ငါးနဲ့ တူနာငါးတို့မှာ Tryptophan ဓာတ်နဲ့ ဗီတာမင် B6 ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်များက အိပ်စက်ခြင်းကို ကောင်းမွန်စေတဲ့ Melatonin ဓာတ်များကို ထုတ်လွှတ်ပေးတာကြောင့် ညနက်သည်အထိ အိပ်စက်မရတဲ့သူတွေအတွက် အကောင်းဆုံး ဆေးစွမ်းကောင်း တစ်လက်ပဲ ဖြစ်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ဟင်းနုနွယ်ရွက်နဲ့ ကိုက်လံရွက်ကဲ့သို့ ဟင်းသီးဟင်းရွက်များက ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် အိပ်စက်ဖို့အတွက် လိုအပ်တဲ့ Melatonin ဓာတ်များကို ထုတ်လွှတ်ပေးပါတယ်။ တူနာငါး၊ ဆော်လမွန်ငါးနဲ့ ဟင်းနုနွယ်ရွက်တို့ကို ရောစားမယ်ဆိုရင် ထူးခြားတဲ့ရလဒ်ကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများ

အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းများကို အစေ့အဆံနဲ့ တွဲစားမယ်ဆိုရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်လို့ အစားအသောက်နဲ့ အာဟာရပညာရှင် Jessica Redmond ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ ဒိန်ခဲ၊ နွားနို့၊ ဒိန်ချဉ် စတဲ့အစားအစာတွေကို ရွေးချယ်စားသောက်ခြင်း အားဖြင့် တစ်ညတာလုံး ပြည့်ဝစွာ အနားယူလိုက်ပါ။

ကန်စွန်းဥ

Sweet Potatoes

ကန်စွန်းဥထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် ကာဘိုဟိုက်ဒြိုက်ဓာတ်၊ ကြွက်သားများကို အားပြန်ဖြည့်ပေးမယ့် ပိုတက်စီယမ်ဓာတ်တို့ ပါဝင်တဲ့ အတွက်ကြောင့် ညအိပ်ရာဝင်ခါနီး ဗိုက်ဆာတတ်တယ်ဆိုရင် ကန်စွန်းဥကို ရွေးချယ်စားသုံးပေးလိုက်ပါ။

ကီဝီသီးများ

နော်ဝေနိုင်ငံက သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အိပ်ရာဝင်ခါနီး တစ်နာရီခန့်အလိုမှာ ကီဝီသီးများ စားသုံးပေးခြင်းက အခြားအသီးအနှံများ စားသုံးပေးခြင်းထက် ပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

Source: bonhode.com