ဂျင်းပြုတ်ရည် ပြုလုပ်နည်းကတော့ လွယ်လွယ်လေးပါပဲ ၂ လက်မ ပတ်လည် ဂျင်းတုံး ၂ တုံး၊ ရေနွေး ၇၅၀ မီလီလီတာ (ဖန်ခွက် ၃ ခွက်စာ)၊ သံပုရာသီး ၁ လုံးနှင့် ပျားရည်အနည်းငယ်တို့ပဲ လိုအပ်ပါတယ်။

ဂျင်းကို နုပ်နုပ်စဉ်းပြီး ရေနွေးထဲ ဖျော်ထည့်မယ်။ ပြီးရင် သံပုရာသီး ညှစ်ထည့်မယ်။ ပျားရည် အနည်းငယ်ထည့်ပြီး သမအောင် မွှေပြီးတဲ့နောက်မှာတော့ သင့်တစ်နေ့တာလုံးအတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဂျင်းဖျော်ရည်လေး ရရှိသွားပါပြီ။

ဒီဂျင်းဖျော်ရည်ကို ဘာ့ကြောင့် သောက်သုံးသင့်သလဲဆိုတာကို စာဖတ်သူတို့ သိပြီးပါပြီလား။

ဂျင်းဖျော်ရည် သောက်သုံးခြင်းအားဖြင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။

ခန္ဓာကိုယ်တွင်းရှိ ကိုလက်စတောများကို လျော့ချပေးခြင်း

ဂျင်းဖျော်ရည်က နှလုံးရောဂါကို ဖြစ်ပေါ်စေတဲ့ ကိုလက်စတောများကို လျော့ချပေးနိုင်တဲ့ အစွမ်း သတ္တိများရှိပါတယ်။ ဒါ့အပြင် ထမင်းစားတဲ့အခါတိုင်း ဂျင်းများများ စားပေးပါကလည်း တူညီတဲ့အကျိုးကျေးဇူးများ ခံစားရနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း

တကယ်လို့ သင်က ဆီးချိုရောဂါ ခံစားရမှာကို ကြောက်ရွံ့တယ်ဆိုရင် ထိုဂျင်းဖျော်ရည်ကို အနည်းဆုံးတစ်နေ့ တစ်ခွက် ပုံမှန်သောက်သုံးသင့်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက်အရ ဂျင်းဖျော်ရည် သောက်သုံးတဲ့ ဆီးချိုဝေဒနာသည်က ဂျင်းဖျော်ရည် မသောက်သုံးတဲ့ ဆီးချိုသမားထက် သွေးတွင်းသကြားဓာတ် ပိုမိုလျော့ကျသွားတာကို တွေ့မြင်ရပါတယ်။

ရောင်ရမ်းမှုကို လျော့ချပေးခြင်း

အရိုးအဆစ်များ နာကျင်ကိုက်ခဲမှုဝေဒနာကို မကြာခဏ ခံစားနေရပါသလား။ အမျိုးသမီးများ လစဉ်ဓမ္မတာလာခြင်းကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း (သို့) လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် ကြွက်သားများ နာကျင်နေပါက ဂျင်းဖျော်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။

အထက်ဖော်ပြပါ အကျိုးကျေးဇူးများအပြင် သွားနှင့် ခံတွင်း သန့်ရှင်းရေးကို အထောက်အကူပြုခြင်း၊ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံအား ကောင်းမွန်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ရောဂါဘယများ ဝင်ရောက်လာခြင်းမှ တားဆီးပေးခြင်း အစရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ခံစားရရှိနိုင်ပါတယ်။

Source: Organicsoul.com