Antioxidants ကြွယ်ဝတဲ့ ကြက်သွန်နီက ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ အအေးမိဖျားနာခြင်းတို့ကို သက်သာပျောက်ကင်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါတင်မကသေးပါဘူး၊ ကြက်သွန်နီကို အစားအသောက်ချက်ပြုတ်ပြင်ဆင်ရာမှာလည်း အသုံးပြုနိုင်သလို သတ္တုပစ္စည်းများ အရောင်မှိန်သွားလို့ ပြန်လည်တောက်ပြောင်လာအောင် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။

ကြက်သွန်နီကို ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်သလဲ၊ ဘယ်လို အသုံးပြုရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အင်းဆက်ပိုးမွှားများကို မောင်းထုတ်ဖို့ရန်အတွက်

Source: ashionlady.in

ခြင်နဲ့ အခြားအင်းဆက်တွေ ကိုယ့်ကို မကိုက်အောင် ကိုယ့်အနားမလာစေချင်ဘူးဆိုရင် သင့်ရဲ့ အသားအရေပေါ်သို့ ကြက်သွန်နီလေးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။

အင်းဆက်အကိုက်ခံရတဲ့အခါ သက်သာစေခြင်း

အင်းဆက်တွေ အကိုက်ခံရတယ်၊ အတုပ်ခံရတယ်ဆိုရင်လည်း စောစောကနည်းလမ်းလေးကိုပဲ အသုံးပြုနိုင်ပါတယ်။ နာကျင်မှုဝေဒနာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

လည်ချောင်းနာခြင်းအတွက်

လည်ချောင်းနာ သက်သာစေမယ့် အိမ်တွင်းကုထုံး

ကြက်သွန်နီဖျော်ရည်က လည်ချောင်းနာခြင်းကို အထိရောက်ဆုံးသက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ထားပြီး ကြက်သွန်နီအခွံလေးတွေကို ထည့်ပြုတ်လိုက်ပါ။ ရေတစ်ဖန်ခွက်ခန့်ဆိုရင် ကြက်သွန်နီတစ်ဝက်လိုပါမယ်။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင် ကြက်သွန်နီအခွံများကို ဖယ်လိုက်ပြီး ထိုရေနွေးကို သောက်သုံးနိုင်ပါပြီ။

အပူလောင်ဒဏ်ရာများကို သက်သာစေခြင်း

အပူလောင်ခြင်းတွေအတွက်

အပူလောင်သွားတဲ့ ဒဏ်ရာပေါ်သို့ ကြက်သွန်နီလေး ပွတ်တိုက်ပေးလိုက်ရုံပါပဲ။ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ နာကျင်ခြင်းတို့ ပျောက်ကင်းသွားပါလိမ့်မယ်။

သတ္တုပစ္စည်းများကို အရောင်တင်နိုင်ခြင်း

Source: thewirecutter.com

ကြက်သွန်နီကို လှီးဖြတ်ပြီးနောက် ကြိတ်ချေလိုက်ပါ။ ကြိတ်ချေထားသော ကြက်သွန်နီကို ရေနဲ့ ရောနှောလိုက်ပါ။ ထို့နောက် အဝတ်စတစ်ခုကို ထိုကြက်သွန်ရည်ထဲ ထည့်နှစ်လိုက်ပြီးနောက် သတ္တုပစ္စည်းပေါ်သို့ ပွတ်တိုက်ပေးလိုက်ပါ။ သတ္တုပစ္စည်းတွေ အသစ်အတိုင်း ပြန်လည်တောက်ပြောင်လာတာကို တွေ့ရပါလိမ့်မယ်။

အကင်ပြား သန့်ရှင်းစေဖို့ရန်အတွက်

Source: weber.com

မကြခဏ အကင်လုပ်စားတဲ့အခါ အကင်ပြားက မဲတူးပြီး ညစ်ပတ်နေတတ်ပါတယ်။ အဲ့ဒီအခါ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး အကင်ပြားပေါ် တင်ပေးလိုက်ပါ။ ထို့နောက် ခရင်းလေးအသုံးပြုပြီး ကြက်သွန်နီကို အကင်ပြားတစ်လျှောက် ပွတ်တိုက်ပေးလိုက်ပါ။ အကင်ပြားလေး သန့်ရှင်းသွားပါလိမ့်မယ်။

ထောပတ်သီးများ ပုပ်မသွားဖို့ရန်အတွက်

ထောပတ်သီးတွေ ညိုမဲပြီး ပုပ်သွားမှာကို စိုးရိမ်နေပါသလား။ လေလုံတဲ့ ပလပ်စတစ်အိတ်ထဲမှာ ထောပတ်သီးနဲ့ ကြက်သွန်နီကို အတူတူပေါင်းထည့်ထားလိုက်ပါ။ အချိန်အကြာကြီး အထားခံမှာပဲဖြစ်ပါတယ်။

Source: care2.com